Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဗန်း​မော်-မန္တ​လေးအ​ဝေး​ပြေးလမ်းတိုက်ပွဲတွင် ​သေဆုံးသည့် ၎င်းတို့တပ်သားများကို မီးရှို့၍ ပြစ်ထား

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအချို့ကို ကျော်သာကျေးရွာ ယူကလစ်စိုက်ခင်း အနောက်ဘက်ခြမ်း၌ မီးရှို့ထားသည်ကို ဒေသခံတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဥ် တွေ့ရှိထားသည်။

ဗန်းမော်-မန္တလေး အဝေးပြေးလမ်းမကြီး ပေါ် တိုက်ပွဲ၌ သေဆုံးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မီးရှို့ထားခဲ့ကြောင်း ထီးချိုင့်အခြေစိုက် Fox Army-HPDFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ ရက်က ညနေပိုင်းကစ၍ ကသာခရိုင်၊အင်းရွာ မှ ခြေလျင်စစ်ကြောင်းထွက်လာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို ဗန်းမော်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်၌ ၂ ရက်ဆက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ရက်က ဖြစ်ခဲ့သည့် အင်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဆယ်ဦးခန့်သေဆုံးပြီး အနည်းဆုံး ငါးဦးဒဏ်ရာရခဲ့ပြီး ဖေဖော်ဝါရီ ၂၇ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဆယ်ဦးခန့်သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

“သူတို့စစ်ကြောင်းမှာ ၇၈ ယောက်ပါတယ်ဗျ။ လမ်းပိုင်းတွေမှာ ​ပြောက်ကျားနည်းနဲ့ ဖြတ်တိုက်ခဲ့တာ”ဟု Fox Army-HPDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားအချို့ကို ကျော်သာကျေးရွာ ယူကလစ်စိုက်ခင်း အနောက်ဘက်ခြမ်း၌ မီးရှို့ထားသည်ကို ဒေသခံတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဥ် တွေ့ရှိထားသည်။

ထို့အပြင် အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်က တုံလုံကျေးရွာအနီးတဝိုက်တွင်တပ်ဖြန့်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။