Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်-စံပြ(၆)မိုင်-ဒေါတမကြီး-ဘောလခဲ လမ်းပိုင်းအား ယနေ့မှစ၍ ပိတ်ထားမည်

“ဒီလို လမ်းပိုင်းတွေပိတ်နေရတဲ့ အနေအထားက စစ်ရေးအခြေအနေကြောင့် လို့ပဲ လောလော ဆယ် ပြောပါရစေ။ပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ လည်းလိုက်နာကြဖို့ တိုက်တွန်းတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ် လွိုင်ကော်-စံပြ (၆)မိုင်- ဒေါတမကြီး-ဘောလခဲလမ်းကြောင်း အား မတ်လ ၃ ရက်ကစ၍ ပိတ်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း(၉ )က ထုတ်ပြန်သည်။

“ဒီလို လမ်းပိုင်းတွေပိတ်နေရတဲ့ အနေအထားက စစ်ရေးအခြေအနေကြောင့် လို့ပဲ လောလော ဆယ် ပြောပါရစေ။ပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ လည်းလိုက်နာကြဖို့ တိုက်တွန်းတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါလမ်းပိုင်းကို ပိတ်ပင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီး ဌာန၊အမှတ်(၁)ခရိုင် ၊ဒီးမော့ဆို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF B- 10 နှင့် KNDF- B9 တို့က အစည်းအဝေးပြုလုပ်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လမ်းပိတ်ထားစဥ်ကာလအတွင်း (ဒေသခံ ပြည်သူများ အပါအဝင်)အသွားအလာမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

လမ်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ပြန်လည်ကြေညာပေးသွားမည်ဟု KNDF B-9က ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် လွိုင်​ကော်မြို့ မှ လွိုင်လင်မြို့ (ရှမ်း-ကယား နယ်စပ်)လမ်းမကြီးတ​လျောက် ၁၂ဘီးကားများ၊ အလုံပိတ်ကား ၊မှန်လုံကား၊ တွဲကားများ ၊ကုန်တင်ကားအကြီးများ နှင့် စစ်​​​ကောင်စီ အတွက်အသုံး ပြုသည့် ယာဥ်များ လုံး၀ဖြတ်သန်းသွား လာခြင်းမပြုကြောင်းလည်း KNDF-B-14 က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

စစ်ဆင်ရေးအတွင်း ပူးတွဲတပ်ဖွဲ့များဘက်မှ ရဲဘော်တချို့ဒဏ်ရရှိခဲ့ပြီး ရန်သူ့တပ်မှ အ ချို့ချေမှုန်းခံရကာ စစ်သုံ့ပန်းဦးအား လက် ရဖမ်းဆီးမိပြီး အချို့မှာ ကစင့်ကလျားထွက် ပြေးသွားကြကြောင်း KPLA က အသိပေးသည်။