Connect with us

Hi, what are you looking for?

News

လွိုင်ကော်-စံပြ(၆)မိုင်-ဒေါတမကြီး-ဘောလခဲ လမ်းပိုင်းအား ယနေ့မှစ၍ ပိတ်ထားမည်

“ဒီလို လမ်းပိုင်းတွေပိတ်နေရတဲ့ အနေအထားက စစ်ရေးအခြေအနေကြောင့် လို့ပဲ လောလော ဆယ် ပြောပါရစေ။ပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ လည်းလိုက်နာကြဖို့ တိုက်တွန်းတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ် လွိုင်ကော်-စံပြ (၆)မိုင်- ဒေါတမကြီး-ဘောလခဲလမ်းကြောင်း အား မတ်လ ၃ ရက်ကစ၍ ပိတ်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း(၉ )က ထုတ်ပြန်သည်။

“ဒီလို လမ်းပိုင်းတွေပိတ်နေရတဲ့ အနေအထားက စစ်ရေးအခြေအနေကြောင့် လို့ပဲ လောလော ဆယ် ပြောပါရစေ။ပြည်သူတွေနဲ့ ဒေသခံတွေအနေနဲ့ လည်းလိုက်နာကြဖို့ တိုက်တွန်းတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါလမ်းပိုင်းကို ပိတ်ပင်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီး ဌာန၊အမှတ်(၁)ခရိုင် ၊ဒီးမော့ဆို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF B- 10 နှင့် KNDF- B9 တို့က အစည်းအဝေးပြုလုပ်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လမ်းပိတ်ထားစဥ်ကာလအတွင်း (ဒေသခံ ပြည်သူများ အပါအဝင်)အသွားအလာမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

လမ်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ပြန်လည်ကြေညာပေးသွားမည်ဟု KNDF B-9က ဆိုသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် လွိုင်​ကော်မြို့ မှ လွိုင်လင်မြို့ (ရှမ်း-ကယား နယ်စပ်)လမ်းမကြီးတ​လျောက် ၁၂ဘီးကားများ၊ အလုံပိတ်ကား ၊မှန်လုံကား၊ တွဲကားများ ၊ကုန်တင်ကားအကြီးများ နှင့် စစ်​​​ကောင်စီ အတွက်အသုံး ပြုသည့် ယာဥ်များ လုံး၀ဖြတ်သန်းသွား လာခြင်းမပြုကြောင်းလည်း KNDF-B-14 က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။