Connect with us

Hi, what are you looking for?

News

အမေရိကန်-အာဆီယံခေါင်းဆောင်များ အထူးထိပ်သီး ညီလာခံ မင်းအောင်လှိုင်ကို မဖိတ်

ဝါရှင်တန်မြို့တော်၌ မတ်လ ၂၈ရက် မှ ၂၉ရက်အထိကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီး ညီလာခံတွင် အာဆီယံလမ်းစဥ်အတိုင်း နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ၏ အထူးထိပ်သီးညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားမည်မဟုတ်ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဝါရှင်တန်မြို့တော်၌ မတ်လ ၂၈ရက် မှ ၂၉ရက်အထိကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီး ညီလာခံတွင် အာဆီယံလမ်းစဥ်အတိုင်း နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားမည်ဟု ဆိုသည်။

“အဆင့်မြင့်​အခမ်းအနားတွေမှာ မြန်မာနိုင်ငံက non-political representatives ကိုဖိတ်ကြားဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂ရက်တွင် ပြောသည်။

အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမည့် ယင်းအထူးထိပ်သီး ညီလာခံတွင် မြန်မာ့စစ်အာဏာသိမ်းမှုဖြေရှင်းရေးအပါအဝင် ကပ်ရောဂါ ပြန်လည်ကုစားရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် အခြေခံအဆောက်အဦ စသည်တို့ကိုဆွေးနွေးရန် စီစဥ်ထားသည်။

Public Service Announcement

Public Service Announcement

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။