Connect with us

Hi, what are you looking for?

LuduNwayOo

News

အမေရိကန်-အာဆီယံခေါင်းဆောင်များ အထူးထိပ်သီး ညီလာခံ မင်းအောင်လှိုင်ကို မဖိတ်

ဝါရှင်တန်မြို့တော်၌ မတ်လ ၂၈ရက် မှ ၂၉ရက်အထိကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီး ညီလာခံတွင် အာဆီယံလမ်းစဥ်အတိုင်း နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားမည်ဟု ဆိုသည်။

အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ၏ အထူးထိပ်သီးညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားမည်မဟုတ်ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဝါရှင်တန်မြို့တော်၌ မတ်လ ၂၈ရက် မှ ၂၉ရက်အထိကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီး ညီလာခံတွင် အာဆီယံလမ်းစဥ်အတိုင်း နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ် (non-political representative)ကိုသာ ဖိတ်ကြားမည်ဟု ဆိုသည်။

“အဆင့်မြင့်​အခမ်းအနားတွေမှာ မြန်မာနိုင်ငံက non-political representatives ကိုဖိတ်ကြားဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂ရက်တွင် ပြောသည်။

အမေရိကန်သမ္မတနှင့် အာဆီယံခေါင်းဆောင်များ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမည့် ယင်းအထူးထိပ်သီး ညီလာခံတွင် မြန်မာ့စစ်အာဏာသိမ်းမှုဖြေရှင်းရေးအပါအဝင် ကပ်ရောဂါ ပြန်လည်ကုစားရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် အခြေခံအဆောက်အဦ စသည်တို့ကိုဆွေးနွေးရန် စီစဥ်ထားသည်။

Public Service Announcement

Public Service Announcement

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။