ချင်းကာကွယ်ရေးတပ်(ဆဲန်ထန်) CDF-Senthang တပ်ဖွဲ့၏ ပထမအကြိမ် ကွန်မန်ဒိုသင်တန်းကို မတ်လ ၂ရက်က အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း CDF ဆဲန်ထန်က ယနေ့ ထုတ်ပြန်သည်။
သင်တန်းပြုလုပ်နိုင်ရန် အဖက်ဖက်မှကူညီပေးကြသည့် အဖွဲ့အစည်းများနှင့်ဆဲန်ထန်မျိုးနွယ် အားလုံးအပေါ် အထူးကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


CDF-ဆဲန်ထန်ကို ၂၀၂၁စက်တင်ဘာက ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံကာကွယ်ရန်၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ရေး ဖြစ်သည်ဟုဖော်ပြထားသည်။

CDF ဆဲန်ထန်သည် ချင်းအမျိုးသားတပ်ဦး(CNF)၏ လမ်းညွှန်မှုကို ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CAN)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိCDF၊ PDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟုကြေညာထားသည်။

Public Service Announcement


















































