Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်း-မကွေးနယ်စပ် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီ ခုနစ်ဦးသေဟု ကန်ပက်လက် CDFထုတ်ပြန်

တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း CDFတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ချင်းပြည်နယ်နှင့်မကွေးတိုင်းနယ်စပ် တစ်နေရာတွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၇ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

မတ်လ ၄ရက် နေ့လယ်၁နာရီ မိနစ်၄၀အချိန်တွင် ကန်ပက်လက်မြို့နယ် နှင့်မကွေးတိုင်းနယ်စပ်၌ ကျောက်ထုဘက်မှ စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကန်ပက်လက် CDF တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း CDFတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ချင်း – မကွေးနယ်စပ်ကန်ပက်လက်နယ်တွင်ဖေဖော်ဝါရီလကုန်ကတည်းက CDFနှင့် စစ်ကောင်စီတပ် အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။