Connect with us

Hi, what are you looking for?

News

ဆော-ကျောက်ထုကြားတွင် စစ်ကောင်စီတပ် နှစ်ရက် ဆက်တိုက်ခိုက်ခံရပြီး ၁၅ဦးထက်မနည်းသေဆုံးဟု ဆော PDF ​ပြော

မတ်လ ၇ရက်မှ ဆောမှ ကျောက်ထုမြို့သို့ ဦးတည်လာသည့် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့်အထက် သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - ​ဆော PDF

မကွေးတိုင်း ဆောမြို့နယ်မှ ကျောက်ထုမြို့သို့ ဦးတည်ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဆောပြည်သူ့ကာကွယ်ရေးတပ်(PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဆော PDFက သတင်းထုတ်ပြန် သည်။

မတ်လ ၇ရက်မှ ဆောမှ ကျောက်ထုမြို့သို့ ဦးတည်လာသည့် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီတပ်ကို မတ်လ ၈ရက်နှင့် ၉ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးနှင့်အထက် သေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – ​ဆော PDF

“ နေရာက ကချောင်းနဲ့ ဆောအကြားမှာ ။ ကချောင်းက ဆောနဲ့ ၉မိုင်အကွာမှာရှိတဲ့ရွာ။ သူတို့ကို မိုင်းဆွဲပစ်တာပေါ့။ သူတို့က စစ်ကြောင်းထိုးနေတာ ၁၆စီးနဲ့။ အခုထိ ကံကြီးကို မရောက်သေးဘူးဆိုတော့ ကံကြီးနဲ့ ၁၈မိုင်ကွာတာကို သုံးညအိပ်ရှိပြီ။ ကျောက်ထုနဲ့ ဆောနဲ့က ၂၅မိုင်ကွာတာ။ သူတို့က ဖြေးဖြေး မိုင်းရှင်းရင်း တောတွေနင်းပြီးလာတာ ဒါတွေကိုပဲ ခြုံခိုပြီးမှ တိုက်ကြတာ”ဟု ဆော PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ – ​ဆော PDF

အဆိုပါလမ်းပိုင်း၌ ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့သည့် တိုက်ပွဲများ၌ PDFများ ထိခိုက်မှုမရှိခဲ့ကြောင်း ဆော PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ​ဆော PDF

တိုက်ပွဲများအတွင်းပြည်သူ့ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ ဒေသခံများမှ “PDFများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ” ဟူသော ကြွေးကြော်သံများနှင့်အတူ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြသည်ဟု PDF-SAW က အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဆောနှင့် (၁၂) မိုင်ခန့်အကွာဒေသသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။