Connect with us

Hi, what are you looking for?

News

စက်သုံးဆီ​ဈေးနှင့်​ဒေါ်လာ​ဈေးဆက်တက်၊​ ရွှေ​ဈေးပြန်ကျ

ပြည်တွင်းငွေလဲနှုန်းတွင်လည်း တစ်ဒေါ်လာကို ကျပ် ၂၀၆၀ကျပ်မှ ၂၁၀၀ ကျပ် အထိ ယနေ့တွင်မြင့်တက်လာသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

စက်သုံးဆီဈေးနှင့် ဒေါ်လာဈေး ဆက်လက်မြင့်တက်နေ​ပြီး ရွှေဈေးတရက်တည်းကို ကျပ် ရှစ်သောင်းကျော်ပြန် ကျဆင်းခဲ့ပြီး ဈေးကွက်မတည်ငြိမ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဒီဇယ်ဆီ တစ်လီတာကို ကျပ် ၂၅၀၀ အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း ပြင်ပဈေးကွက်တွင် တဒေါ်လာကို ကျပ် ၂၁၀၀ အထိ မြင့်တက်လာသည်ဟု လုပ်ငန်းရှင်များက​ပြောသည်။

သို့​သော်ပြည်တွင်းရွေဈေးသည်လည်း ယမန့်နေ့(မတ်-၉ရက်)တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၀၆၈,၀၀၀မှ ၁,၉၈၅,၀၀၀ကျပ် အထိ ပြန်လည်ကျဆင်းလာပြီး ဈေးကွက်အတွင်း ကသောင်းကနင်းဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“တရက်တည်းကို ဈေးအတက်အကျများနေတော့ လုပ်ငန်းတွေ ကသောင်းကနင်းဖြစ်နေတာပေါ့၊ ဝယ်ရ ရောင်းရတာလည်း အဆင်မပြေဖြစ်နေတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ရွှေဈေးမှာလည်း ယနေ့တရက်တည်းတွင် တစ်အောင်စကို ၁၉၇၇ဒေါ်လာအထိပြုတ်ကျခဲ့သည်။ ယမန့်နေက တစ်အောင်စကို ၂၀၄၅ဒေါ်လာရှိခဲ့သည်။

ရွှေဈေးကျဆင်းခဲ့သော်လည်း စက်သုံးဆီဈေးမှ ပြန်လည်ကျဆင်းမရှိဘဲ ဈေးဆက်လက်မြင့်တက်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ယနေ့မနက်ပိုင်းတွင် ဒီဇယ်တစ်လီတာကို ၂၅၂၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၄၀ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၂၂၅၀ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၂၃၁၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ စက်သုံးဆီဈေးက တရက်လျှင် အနည်းဆုံးကျပ် ၁၀၀ ခန့်မြင့်တက်လာခြင်းဖြစ်သည်ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

“ကမ္ဘာရေနံဈေးကျပေ့မယ့်၊ ပြည်တွင်းမှာတော့ ဈေးမကျဘူး၊ ဆက်တက်နေတယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်းငွေလဲနှုန်းတွင်လည်း တစ်ဒေါ်လာကို ကျပ် ၂၀၆၀ကျပ်မှ ၂၁၀၀ ကျပ် အထိ ယနေ့တွင်မြင့်တက်လာသည်ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။

ယနေ့ ညနေပိုင်းတွင်အနည်းငယ်ကျဆင်းခဲ့သော်လည်း နောက်ရက်များတွင် ဒေါ်လာဈေးမှ ဆက်လက်မြင့်တက်နိုင်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်အတွင်းရပ်ထားသည် ဆီဘောက်ဆာ ယာဉ်သည် ယနေ့(နိုဝင်ဘာ ၇ရက်) ညနေ ၅နာရီ ၂၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းပြီး ဆီဆိုင်ကိုပါ မီးကူးစက်ခြင်းဟု သတင်းရရှိသည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။