Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်သို့ တ​ကျော့ပြန်စစ်​ကြောင်းထိုးလာ​​​​သော စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ​ခြောက်ဦး​သေ၊ ၁၇ဦးထက်မနည်းဒဏ်ရာရဟု PDFတပ်ရင်း(၂)​ပြော

ယမန်နေ့ကတိုက်ပွဲ၌ ဝက်လက် PDF တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ‌ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွေး၊ Man dalay PDF(ပြည်ချစ်သား)တပ်ဖွဲ့၊ Mandalay Prolife တပ်ဖွဲ့ နှင့် ဒေသခံ ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

(မတ်လ ၉ ရက်က ဝက်လက်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားတစ်ဥံးကို ​တွေ့ရစဥ်)

▪️PDF ရဲ​ဘော်နှစ်ဦးလည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့ တောင်ကုန်းရွာဘက်သို့ တကျော့ပြန်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ​ခြောက်ဦးသေကာ ၁၇ဦးထက်မနည်း ဒဏ်ရာရကြောင်း ဝက်လက်PDF တပ်ရင်း(၂)က ယနေ့ (မတ်လ ၁၂ရက်) ထုတ်ပြန်သည်။

အင်အား ၃၀ကျော်ဖြင့် ဝက်လက်မြို့ပေါ်မှ တဆင့် တောင်ကုန်းရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ (မတ်လ ၁၁)က စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

နေ့လည် ၂နာရီ‌ကျော်က တိုက်ပွဲစတင်ရာမှ အပြန်အလှန် ပစ်ခက်မှုဖြစ်ပွားခဲ့ပြီး ဝက်လက် PDF တပ်ရင်း(၂) + ပ.က.ဖ ‌ပူပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကိုအရပ်လေးမျက်နှာမှ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်မှာ ည ၁၀နာရီခန့်အထိ ပိတ်မိနေခဲ့ပြီး ဝက်လက်မြို့ပေါ်မှ စစ်ကား ၂ စီးနှင့် တင့်ကားတစ်စီး စစ်ကူလာခဲ့ရသည်ဟု ဖော်ပြသည်။

Public Service Announcement

ထို့ကြောင့် ဝက်လက် PDFတပ်ရင်း(၂)ပူးပေါင်း တပ်ဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

တိုက်ပွဲအတွင်း PDFဘက်မှ ရဲဘော်နှစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ကတိုက်ပွဲ၌ ဝက်လက် PDF တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ‌ဖောင်းဒိုင်းပြောက်ကျားတပ်ဖွဲ့၊ တောကြီးမြွေပွေး၊ Man dalay PDF(ပြည်ချစ်သား)တပ်ဖွဲ့၊ Mandalay Prolife တပ်ဖွဲ့ နှင့် ဒေသခံ ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ယနေ့တွင် စစ်ကောင်စီ၏တပ်သားများကတောင်ကုန်း​ကျေးရွာတွင် အင်းအား ၆၀ဝန်းကျင်ဖြင့်
တပ်စွဲထားသောကြောင့် ဝက်လက် PDF တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့နှင့် အချိန်မရွေး တိုက်ပွဲပြန်လည် ဖြစ်ပွားနိုင်ကြောင်းလည်း အသိပေးသည်။

မိုဘိုင်းအင်တာနက် ဖြတ်တောက်ပြီး မတ်လဆန်းကစ၍ ဝက်လက်နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းများ မကြာခဏထိုးလာပြီး တော်လှန်ရေးအဖွဲ့များကလည်းအစွမ်းကုန် ခုခံတိုက်ခိုက်နေသည်ဟု ဝက်လက်PDF တပ်ရင်း (၂)က ဆိုသည်။

မတ်လ ၉ ရက်ကလည်း ကမ်းဖြူရွာဘက်မှ ‌ရွှေကျင်ရွာသို့ အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ကုန်းရွာအနီး၌ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။