Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်နယ်တွင် ​ကျေးရွာများသို့ စစ်​ကြောင်းထိုးလာ​​သော စစ်​​ကောင်စီတပ်ကို ပူး​ပေါင်းခုနစ်ဖွဲ့တိုက်ခိုက်ရာ ၁၀ဦး​သေဟုဆို

ပြီးခဲ့သည့် မတ်လ ၁၁ရက် ည ၉နာရီခန့်က မြောင်မြို့ပေါ်မှ ဆင်းလာသော စစ်ကောင်စီအကြမ်းဖက်သမားများအား မရိုးကုန်းတံတားအနီးတွင် ပြည်သူ့ကာကွယ်လရေးပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအကြမ်းဖက်သမား ၁၀ဦးကို ချေမှုန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် မြို့ပေါ်မှကျေးရွာများဘက်သို့ဆင်းလာသော အကြမ်းဖက်စစ်​ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးကြောင်း Myaung Union Army- MUAက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ရက် ည ၉နာရီခန့်က မြောင်မြို့ပေါ်မှ ဆင်းလာသော စစ်ကောင်စီအကြမ်းဖက်သမားများအား မရိုးကုန်းတံတားအနီးတွင် ပြည်သူ့ကာကွယ်လရေးပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအကြမ်းဖက်သမား ၁၀ဦးကို ချေမှုန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကျန်ရှိနေသော အကြမ်းဖက်သမားများမှ ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် ရဲဘော်များ အလျင်အမြန်ဆုတ်ခွာခဲ့ပြီး အန္တရာယ်ကင်းခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဥ်အား Myaung Union Army -MUA၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ ပြည်သူတပ်မတော် (မြောင်)-MUA ၊ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People’s Defense Force TGR)၊ Zamani Revolution Force (MMU) ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-CRF နှင့် 11 Brothers Revolution Forcesတို့မှ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaung Union Army -MUAက ထပ်မံ အသိပေးသည်။

Myaung Union Army -MUA နှင့် ပူးပေါင်းအဖွဲ့များသည် မတ်လ ၁ရက်နေ့ နံနက် ၄နာရီခွဲခန့်ကလည်း မြင်းခြံမြို့နယ် ဆီမီးခုံရေနက်ဆိပ်ကမ်း၌ စစ်သင်္ဘော(၂) စီး၊ အင်အား ၁၀၀ခန့်ဖြင့် (၆)လကြာ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား RPGနှင့် စတင်ပစ်ခတ်ခဲ့ပြီး စစ်သင်္ဘောတစ်စီး ပျက်စီးသွားခဲ့သည်။ လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့၍ စစ်ကောင်စီအကြမ်းဖက်သမားများအထိနာပြီး ၁၉ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။