▪️ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် Fighter Police CDM (Tamu) သတိပေး
စစ်ကိုင်းတိုင်း တမူးမြို့မရဲစခန်းမှ ရဲတစ်ဦးကို ပြည်သူဘက်မှ ရပ်တည်တိုက်ပွဲဝင်နေသည့် CDMရဲတပ်ဖွဲ့ဝင်များက သုတ်သင်လိုက်ပြီး Non CDM များကို တွေ့သည့်နေရာတွင် ရှင်းလင်းမည်ဖြစ်၍ ပြည်သူနှင့် အလျင်အ မြန် ပူးပေါင်းရန် သတိပေးချက် ထုတ်ပြန်သည်။
တမူးမြို့မရဲစခန်းမှ ရဲတပ်သား မျိုးမြင့်ဆွေကိုFighter Police CDM (Tamu)က မတ်လ ၁၂ရက် နံနက်တွင် တမူးမြို့ မြို့မ(၁၃)ရပ်ကွက်တစ်နေရာ၌ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။
ရဲတပ်သား မျိုးမြင့်ဆွေနှင့်အတူပါလာသော ဆိုင်ကယ်တစ်စီး၊ဓားတစ်ချောင်းကို သိမ်းဆည်းနိုင်ခဲ့သည်ဟုFighter Police CDM (Tamu)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
Fighter Police CDM (Tamu)သည် တမူးခရိုင်အတွင်းမှ CDM ရဲတပ်ဖွဲ့ဝင်များ စုစည်းဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော Non CDMဝန်ထမ်းများကို တွေ့သည့်နေရာတွင် သုတ်သင်ရှင်းလင်မည်ဟုလည်း Fighter Police CDM (Tamu)က သတိပေးထားသည်။
ထို့အပြင် တိုက်ခိုက်ရှင်းလင်းခံရမည့်အရေးကို ရှောင်လွှဲလိုပါက CDM ပြုလုပ်ပြီး လူထုနှင့်အမြန်ဆုံး ပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။
လူထုက လက်နက်ကိုင် ခုခံတော်လှန်ရေးစတင်ခဲ့သည့် ကနဦးကာလက တမူးမြို့မရဲစခန်းမှ ချင်းတိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် CDM ပြုလုပ်ပြီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များနှင့်အတူ တမူး ရဲစခန်းအား ဝင်၍ ဗုံးခွဲတိုက်ခိုက်ခဲ့ဖူးသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ သေဆုံးသလို CDM ရဲတပ်ဖွဲ့ဝင်လည်း ကျဆုံးခဲ့ရသည်။


















































