Connect with us

Hi, what are you looking for?

News

ကျေးရွာများသို့ ဆင်းလာ​သော အကြမ်းဖက်စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၂ဦး​သေဟု ​ချောင်းဦးPDF​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအထိ ဆက်လက်ချီတက်ခြင်းမပြုတော့ဘဲ သေဆုံးအကြမ်းဖက်စစ်သားရုပ်အလောင်းများကိုကောက်ကာ ချောင်းဦးမြို့ထဲ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ကျေးရွာများသို့ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၃ ရက်)နေ့လယ်ပိုင်းက ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သည် အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ရန် အင်အား ၇၀ခန့်ဖြင့် ချောင်းဦးမြို့မှထွက်ခွာလာရာ ချောင်းဦး PDF အဖွဲ့က မိုင်းဆွဲ၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကွင်းအဆင့်ဆင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းဧရိယာ ၆ခုမြောက် ဖောက်ခွဲတိုက်ခိုက်ပြီးချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအထိ ဆက်လက်ချီတက်ခြင်းမပြုတော့ဘဲ သေဆုံးအကြမ်းဖက်စစ်သားရုပ်အလောင်းများကိုကောက်ကာ ချောင်းဦးမြို့ထဲ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

မတ်လ ၁၁ရက် နံနက်ပိုင်းကလည်း ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာလမ်းတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိုင်းရှာယာဥ်တန်းအား မိုင်းနှစ်လုံး ဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

နောက်တစ်နေရာတွင် မိုင်းသုံးလုံး ထပ်မံဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်သား​ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ချောင်းဦးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ​ခြောက်စီးပါယာဥ်တန်းအား ပွိုင့် ၉ ပွိုင့်၊ ပဒေသာမိုင်း အလုံး ၃၀ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီးပျက်စီးခဲ့ပြီး အသေ အပျောက်စာရင်းမသိရသေးကြောင်း အသိပေးထားသည်။

ကျန်ကားများပေါ်မှ မိုင်းဆင်းရှာသော အကြမ်းဖက်စစ်သားများအနက် ရှစ်ဦးသည် မိုင်းကွင်းများပေါ်ရောက်ရှိနေ၍ သေဆုံးသွားခဲ့ကြောင်း၊ မတ်လ ၁၁ ရက် တစ်နေ့တည်း စုစုပေါင်း ၁၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း မန္တလေး – မုံရွာလမ််းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်များက မကြာခဏ ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။