Connect with us

Hi, what are you looking for?

News

လွပ်လပ်စွာပြောဆိုနေထိုင်ခွင့်မရှိပါက မည်သည့်နေရာတွင်ဖြစ်စေ အကျဉ်းသားဟု ထောင်တွင်းရဲဘော်များပြော

“လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့်မရှိရင် ထောင်ထဲမှမဟုတ်ဘူး ဘယ်နေရာပဲ ထားထား အကျဉ်းကျနေတဲ့ အကျဉ်းသားပဲ”ဟု ထောင်ကျနေသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ရဲဘော်တစ်ဦးက ပြောသည်။

လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်မရှိပါက မည်သည့်နေရာ၌ ဖြစ်စေ အကျဉ်းသား ဖြစ်သည်ဟု ထောင်တွင်းရဲဘော်များက အင်္ကျီတွင် ကဗျာနှင့် စာများရေး၍ မြန်မာပြည်သူလူထုသို့ အသိပေးပြောကြားသည်။

အဆိုပါ အင်္ကျီကိုအကျဉ်းထောင်တစ်ခုမှ ခက်ခဲစွာ အပြင်သို့ ထုတ်လာခြင်း ဖြစ်ပြီး မည်သည့်ထောင်က ဖြစ်သည်ဆိုသည်ကို သတင်းရင်းမြစ်က လတ်တလော ထုတ်ဖော်ခြင်း မရှိပေ။

“လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့်မရှိရင် ထောင်ထဲမှမဟုတ်ဘူး ဘယ်နေရာပဲ ထားထား အကျဉ်းကျနေတဲ့ အကျဉ်းသားပဲ”ဟု ထောင်ကျနေသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“ငါတို့ စိုက်ပျိုးတဲ့ သီးပွင့်များ နောက်လူတွေ စားသုံးရပါစေ”၊ “ခန္ဓာကို အကျဉ်းချထားလို့ ရပေမယ့် ငါတို့ရဲ့ စိတ်ဓာတ်နဲ့ သွေးကိုတော့ ချုပ်နှောင် ထားလို့ မရဘူး။ စိတ်ဓာတ်က တော်လှန်နေတုန်း၊ သွေးတွေက အာဏာရှင်ကို ဆန့်ကျင်ဘို့ ဗလောင်ဆူနေတုန်းပဲ ရဲဘော်တို့” ဟူသည့် စာများလည်း ထောင်တွင်းမှ ပို့လာသည့် အင်္ကျီတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် “တော်လှန်ရေး မွှေးထားတဲ့ မီးကို မသေစေနဲ့ ၊ မီးအဖြစ် ပြာကျသည် အထိ လောင်ကျွမ်းဖို့ ငါတို့အသင့်”ဟု ထောင်တွင်း ရဲဘော်တစ်ဦးက ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။