စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့တစ်ဖွဲ့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့က ယနေ့(မတ်လ ၁၈) ထုတ်ပြန်သည်။
ယနေ့နံနက် ၈ နာရီ မိနစ်၂၀ခန့်က ကာဘိုးရွာနှင့် အိုင်ပေါင်းချောင်ကျေးရွာကြား လက်ပံပင်အနီးဂိတ်ချ၍ စျေးသည်များအား ငွေညှစ်နေသော ပျူစောထီးအဖွဲ့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးအဖွဲ့မှ ခုနစ်ဦးထိခိုက်ပြီး လေးဦးမှာဒဏ်ရာပြင်းထန်ကာ သေဆုံးနိုင်ခြေရှိကြောင်း ထုတ်ပြန်ထားသည်။
မတ်လ ၆ရက်ကလည်း ကားဘိုးတိုက်နယ် ကျည်စုကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ထွန်းဦးဆိုသူကို ဒေသကာကွယ်ရေးအဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့သည်။