Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးသေ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ပင်စည်ရွာကိုဖြတ်၍ ဒီပဲယင်းမြို့သို့ဦးတည် ဆုတ်ခွာသွားကြောင်း SNAKE EYES – PDF အဖွဲ့က ဖော်ပြသည်။

(ဒီပဲယင်းနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ​ဒေသခံPDF များက လိုက်လံလုံခြုံ​ရေးယူ​ပေး​နေသည်ကို ​ဖေ​​ဖော်ဝါရီ၁၉ရက်က ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် နေအိမ်များကိုမီးရှို့ဖျက်ဆီးကာ သတ်ဖြတ်လုယက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES – PDF အဖွဲ့က ယနေ့ (မတ် ၁၉)ထုတ်ပြန်သည်။

ယမန်နေ့(မတ် ၁၈)က C&T SHWEBO ၊ SNAKE EYES-PDF နှင့် တပ်ပေါင်းစု(၂)တို့သည် ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တနယ်-ဆင်ရောက်ကုန်းရွာ၌ ခေတ္တအထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ပင်စည်ရွာကိုဖြတ်၍ ဒီပဲယင်းမြို့သို့ဦးတည် ဆုတ်ခွာသွားကြောင်း SNAKE EYES – PDF အဖွဲ့က ဖော်ပြသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်ရှိ ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူဝောာရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ ၊တနယ်- ဆင်ရောက်ကုန်းကျေးရွာတစ် လျှောက် တစ်ပတ်ခန့် ဆက်တိုက်စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား ဝင်ရောက်သောင်းကျန်းခဲ့ရာ မရကန်ကျေးရွာရှိ နေအိမ်(၈)လုံးကိုမီးရှို့ဖျက်ဆီးပြီး သက်ကြီးရွယ်အိုတစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များရပ်တန်းကရပ်စေရန် ကာကွယ်ရေးအဖွဲ့အစည်းများလက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို နယ်စည်းမခြားပဲ ဆထက်တိုး၍ တော်လှန်သွားမည်ဖြစ်ကြောင်း SNAKE EYES – PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။