Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးသေ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ပင်စည်ရွာကိုဖြတ်၍ ဒီပဲယင်းမြို့သို့ဦးတည် ဆုတ်ခွာသွားကြောင်း SNAKE EYES – PDF အဖွဲ့က ဖော်ပြသည်။

(ဒီပဲယင်းနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ​ဒေသခံPDF များက လိုက်လံလုံခြုံ​ရေးယူ​ပေး​နေသည်ကို ​ဖေ​​ဖော်ဝါရီ၁၉ရက်က ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် နေအိမ်များကိုမီးရှို့ဖျက်ဆီးကာ သတ်ဖြတ်လုယက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES – PDF အဖွဲ့က ယနေ့ (မတ် ၁၉)ထုတ်ပြန်သည်။

ယမန်နေ့(မတ် ၁၈)က C&T SHWEBO ၊ SNAKE EYES-PDF နှင့် တပ်ပေါင်းစု(၂)တို့သည် ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တနယ်-ဆင်ရောက်ကုန်းရွာ၌ ခေတ္တအထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ပင်စည်ရွာကိုဖြတ်၍ ဒီပဲယင်းမြို့သို့ဦးတည် ဆုတ်ခွာသွားကြောင်း SNAKE EYES – PDF အဖွဲ့က ဖော်ပြသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်ရှိ ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူဝောာရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ ၊တနယ်- ဆင်ရောက်ကုန်းကျေးရွာတစ် လျှောက် တစ်ပတ်ခန့် ဆက်တိုက်စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား ဝင်ရောက်သောင်းကျန်းခဲ့ရာ မရကန်ကျေးရွာရှိ နေအိမ်(၈)လုံးကိုမီးရှို့ဖျက်ဆီးပြီး သက်ကြီးရွယ်အိုတစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များရပ်တန်းကရပ်စေရန် ကာကွယ်ရေးအဖွဲ့အစည်းများလက်တွဲပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို နယ်စည်းမခြားပဲ ဆထက်တိုး၍ တော်လှန်သွားမည်ဖြစ်ကြောင်း SNAKE EYES – PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။