Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဦးရှိ PDFတစ်ဖွဲ့၏ ထုတ်လုပ်​ရေးစက်ရုံဖျက်ဆီးခံခဲ့ရ​သော်လည်း ရဲ​ဘော်များဆုတ်ခွာနိုင်ခဲ့​ကြောင်း CRAထုတ်ပြန်

ထုတ်လုပ်ရေး ပြန်လည် လည်ပတ်နိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်နိုင်ရန် အခြားဒေသတွင်းအဖွဲ့များကဲ့သို့ ရံပုံငွေလိုအပ်နေကြောင်း၊ ပြည်တွင်း၊ ပြည်ပ ထောက်ပံ့သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီပေးပါရန် CRAက မေတ္တာရပ်ခံသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရ​သောPDF တစ်ဖွဲ့ထုတ်လုပ်​ရေးစက်ရုံ။ဓါတ်ပုံ-CRA)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ PDFအဖွဲ့တစ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မတ်လ ဒုတိယပတ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရဲဘော်များသတိကြီးစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်(CRA)က သတင်းထုတ်ပြန်သည်။

Public Service Announcement

မတ်လ ၉ရက်က ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်(CRA)၏ ထုတ်လုပ်ရေးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအများအပြားက အင်အားအလုံးအရင်းဖြင့် လာရောက်စီးနင်းမီးရှို့ကာ ပြာအတိဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ အနီးအနားရှိ ပြည်သူတဲများကိုလည်း လက်နက်အားကိုးကာ စနစ်တကျမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊အကြမ်းဖက်စစ်ကောင်စီတပ်က CRA၏ထုတ်လုပ်ရေး စခန်းအား အင်အားအလုံးအရင်းဖြင့် စနစ်တကျ ဝင်ရောက်ခဲ့မှုကြောင့် CRAတပ်သားများ သတိကြီးစွာ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရကြောင်း၊ အင်တာနက် အခက်အခဲများနှင့် မြေပြင်ကို စနစ်တကျပြန်လည်တည်ဆောက်နေသောကြောင့် သတင်းထုတ်ပြန်ချက် နောက်ကျရသည့်အတွက် အနူးအညွတ် တောင်းပန်ကြောင်း CRAက ယနေ့(မတ်လ ၂၁ရက်)တွင် သတင်းထုတ်ပြန်သည်။

ထုတ်လုပ်ရေး ပြန်လည် လည်ပတ်နိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်နိုင်ရန် အခြားဒေသတွင်းအဖွဲ့များကဲ့သို့ ရံပုံငွေလိုအပ်နေကြောင်း၊ ပြည်တွင်း၊ ပြည်ပ ထောက်ပံ့သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီပေးပါရန် CRAက မေတ္တာရပ်ခံသည်။

မတ်လ ၈ရက် နှင့် ၁၀ရက်အတွင်း CRAနှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပျူစောထီးနှင့်အကြမ်းဖက်စစ်တပ်ဘက်မှ ၃၅ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့ကြောင်း CRA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။