Connect with us

Hi, what are you looking for?

News

ချောင်းဦးရှိ PDFတစ်ဖွဲ့၏ ထုတ်လုပ်​ရေးစက်ရုံဖျက်ဆီးခံခဲ့ရ​သော်လည်း ရဲ​ဘော်များဆုတ်ခွာနိုင်ခဲ့​ကြောင်း CRAထုတ်ပြန်

ထုတ်လုပ်ရေး ပြန်လည် လည်ပတ်နိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်နိုင်ရန် အခြားဒေသတွင်းအဖွဲ့များကဲ့သို့ ရံပုံငွေလိုအပ်နေကြောင်း၊ ပြည်တွင်း၊ ပြည်ပ ထောက်ပံ့သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီပေးပါရန် CRAက မေတ္တာရပ်ခံသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရ​သောPDF တစ်ဖွဲ့ထုတ်လုပ်​ရေးစက်ရုံ။ဓါတ်ပုံ-CRA)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ PDFအဖွဲ့တစ်ဖွဲ့၏ ထုတ်လုပ်ရေးစခန်းတစ်ခု မတ်လ ဒုတိယပတ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရဲဘော်များသတိကြီးစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်(CRA)က သတင်းထုတ်ပြန်သည်။

Public Service Announcement

မတ်လ ၉ရက်က ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်(CRA)၏ ထုတ်လုပ်ရေးစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအများအပြားက အင်အားအလုံးအရင်းဖြင့် လာရောက်စီးနင်းမီးရှို့ကာ ပြာအတိဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ အနီးအနားရှိ ပြည်သူတဲများကိုလည်း လက်နက်အားကိုးကာ စနစ်တကျမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊အကြမ်းဖက်စစ်ကောင်စီတပ်က CRA၏ထုတ်လုပ်ရေး စခန်းအား အင်အားအလုံးအရင်းဖြင့် စနစ်တကျ ဝင်ရောက်ခဲ့မှုကြောင့် CRAတပ်သားများ သတိကြီးစွာ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရကြောင်း၊ အင်တာနက် အခက်အခဲများနှင့် မြေပြင်ကို စနစ်တကျပြန်လည်တည်ဆောက်နေသောကြောင့် သတင်းထုတ်ပြန်ချက် နောက်ကျရသည့်အတွက် အနူးအညွတ် တောင်းပန်ကြောင်း CRAက ယနေ့(မတ်လ ၂၁ရက်)တွင် သတင်းထုတ်ပြန်သည်။

ထုတ်လုပ်ရေး ပြန်လည် လည်ပတ်နိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်နိုင်ရန် အခြားဒေသတွင်းအဖွဲ့များကဲ့သို့ ရံပုံငွေလိုအပ်နေကြောင်း၊ ပြည်တွင်း၊ ပြည်ပ ထောက်ပံ့သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီပေးပါရန် CRAက မေတ္တာရပ်ခံသည်။

မတ်လ ၈ရက် နှင့် ၁၀ရက်အတွင်း CRAနှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပျူစောထီးနှင့်အကြမ်းဖက်စစ်တပ်ဘက်မှ ၃၅ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့ကြောင်း CRA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook