Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကို တိုက်ခိုက်ရန် ဖလမ်းမြို့နယ်တွင် ချင်းမျိုးနွယ်စု လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ထပ်မံဖွဲ့စည်း

CDF-ဇာညက်ရမ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတဗွက် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် ဖြစ်သည်ဟု ​ဖော်ပြထားသည်။

စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန်အတွက် ချင်းဒေသကာကွယ်ရေးတပ်-ဇာညက်ရမ် (CDF-Zanniatram)ကို မတ်လ ၁၁ရက်က ဖွဲ့စည်းခဲ့ကြောင်း CDF (ဇာညက်ရမ်)က ထုတ်ပြန်လိုက်သည်။

CDF-ဇာညက်ရမ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတဗွက် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် ဖြစ်သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ ဇာညက်ရမ်ဒေသသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ဇာညက်ရမ်မျိုးနွယ်စုများ နေထိုင်ရာ ဒေသတစ်ခုဖြစ်သည်ဟု ချင်းတိုင်းရင်းသား တစ်ဦးက ပြောသည်။

“ ဖလမ်းမြို့နယ်ထဲက မျိုးနွယ်စုပါ။ ဖလမ်းတို့၊ ဟားခါးတို့၊ တီးတိန်တို့ဘက်မှာ မျိုးနွယ်စုတွေရဲ့ နယ်မြေတွေ ရှိကြတယ်လေ။ ဝှာလ်ငိုရမ် ဆိုတာလည်း အဲဒီ ဖလမ်းမြို့နယ်ထဲက သူတို့ရဲ့ နယ်မြေ ဝှာလ်ငိုဒေသ၊ ဇာညက်ဒေသ ဆိုပြီး သူတို့ မျိုးနွယ်စုဒေသ ကျေးရွာတွေရှိတဲ့နေရာတွေပေါ့။ အဲဒီ နယ်မြေအလိုက်ကို ဖွဲ့စည်းပြီးတော့ သူတို့ ဖွဲ့စည်းထားတာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု စတင်ဖွဲ့စည်းလိုက်သည့် CDF ဇာညက် အနေဖြင့် ချင်းအမျိုးသားတပ်မတော်(CNA) သို့မဟုတ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) မည်သည့် အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဆိုသည်ကို မသိသေးကြောင်း၊ ဖမ်းလမ်းမြို့နယ်တွင် CNA ၊ CNDF ၊ CDF ဝှာလ်ငို တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက် ခိုက်မှုများရှိနေကြောင်း ချင်းတိုင်းရင်းသားတစ်ဦးက ယခုလအတွင်း ရိခေါ်ဒါဒေသ တိုက်ပွဲများကို ရည်ညွှန်းပြောဆိုသည်။ထို့ပြင် CNA နှင့် ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ်များ အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းထားသည့် ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) စုဖွဲ့မှု အောက်တွင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

CDF – ဇာညက်ရမ် ၏ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ၌ ရှိသော ကာကွယ်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ပေါက်ရန်လုပ် ဆောင်နေကြသော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။