Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်ကို တိုက်ခိုက်ရန် ဖလမ်းမြို့နယ်တွင် ချင်းမျိုးနွယ်စု လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ထပ်မံဖွဲ့စည်း

CDF-ဇာညက်ရမ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတဗွက် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် ဖြစ်သည်ဟု ​ဖော်ပြထားသည်။

စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန်အတွက် ချင်းဒေသကာကွယ်ရေးတပ်-ဇာညက်ရမ် (CDF-Zanniatram)ကို မတ်လ ၁၁ရက်က ဖွဲ့စည်းခဲ့ကြောင်း CDF (ဇာညက်ရမ်)က ထုတ်ပြန်လိုက်သည်။

CDF-ဇာညက်ရမ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတဗွက် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် ဖြစ်သည်ဟု ​ဖော်ပြထားသည်။

အဆိုပါ ဇာညက်ရမ်ဒေသသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ဇာညက်ရမ်မျိုးနွယ်စုများ နေထိုင်ရာ ဒေသတစ်ခုဖြစ်သည်ဟု ချင်းတိုင်းရင်းသား တစ်ဦးက ပြောသည်။

“ ဖလမ်းမြို့နယ်ထဲက မျိုးနွယ်စုပါ။ ဖလမ်းတို့၊ ဟားခါးတို့၊ တီးတိန်တို့ဘက်မှာ မျိုးနွယ်စုတွေရဲ့ နယ်မြေတွေ ရှိကြတယ်လေ။ ဝှာလ်ငိုရမ် ဆိုတာလည်း အဲဒီ ဖလမ်းမြို့နယ်ထဲက သူတို့ရဲ့ နယ်မြေ ဝှာလ်ငိုဒေသ၊ ဇာညက်ဒေသ ဆိုပြီး သူတို့ မျိုးနွယ်စုဒေသ ကျေးရွာတွေရှိတဲ့နေရာတွေပေါ့။ အဲဒီ နယ်မြေအလိုက်ကို ဖွဲ့စည်းပြီးတော့ သူတို့ ဖွဲ့စည်းထားတာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု စတင်ဖွဲ့စည်းလိုက်သည့် CDF ဇာညက် အနေဖြင့် ချင်းအမျိုးသားတပ်မတော်(CNA) သို့မဟုတ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) မည်သည့် အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဆိုသည်ကို မသိသေးကြောင်း၊ ဖမ်းလမ်းမြို့နယ်တွင် CNA ၊ CNDF ၊ CDF ဝှာလ်ငို တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက် ခိုက်မှုများရှိနေကြောင်း ချင်းတိုင်းရင်းသားတစ်ဦးက ယခုလအတွင်း ရိခေါ်ဒါဒေသ တိုက်ပွဲများကို ရည်ညွှန်းပြောဆိုသည်။ထို့ပြင် CNA နှင့် ဒေသအသီးသီးရှိ ချင်းကာကွယ်ရေးတပ်များ အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းထားသည့် ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ(CJDC) စုဖွဲ့မှု အောက်တွင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

CDF – ဇာညက်ရမ် ၏ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ၌ ရှိသော ကာကွယ်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ပေါ်ပေါက်ရန်လုပ် ဆောင်နေကြသော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။