Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင် စာသင်ကျောင်း၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ဝင်တိုက်၊ စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေ

ထိတွေ့မှု ဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ ၆ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မကွေးတိုင်း ပခုက္ကူမြို့နယ် ဂဝံလေးတိုင်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လယ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

မတ်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်ကို ပခုက္ကူ PDF၊ မြစ်ခြေနှင့် ကျွန်းချောင်း ကာကွယ်ရေးတပ်၊ King Fighter နှင့်ပေါက်မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၁နာရီကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူပေးရန်လာသည့် စစ်ကောင်စီကားတစ်စီးကိုလည်း ဆီကောင်း – ဂဝံလေးတိုင် လမ်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိတွေ့မှု ဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ ၆ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပခုက္ကူ PDF သည် ဒေသတွင်း ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ယခင်ကလည်း လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။