Connect with us

Hi, what are you looking for?

News

ထီးချိူင့်တ​ကောင်းနီကယ်စက်ရုံအနီး စစ်​ကောင်စီတပ်ဆရာဝန်ကားမိုင်းဆွဲခံရ ၂ ဦး​သေ

“အခု တကောင်း ဆေးရုံမှာ ဒဏ်ရာရ စခလေးယောက်ကို တင်ထားတယ်။နှစ်ယောက်က အခြေအနေ သိပ်မကောင်းဘူးလို့ ထပ်သိရတယ်”ဟု အထက်ပါတာဝန်ရှိသူကဆက် ပြောသည်။

(​တ​ကောင်း​တောင်ကြေးနီးစက်ရုံအနီးဝန်ကျင်ကို​တွေ့ရစဥ်)

လာစစ်​​ဆေးသောစစ်သားများမိုင်းထပ်ဆွဲခံရပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ထီးချိုင့် မြို့နယ် တ​ကောင်းနီကယ်စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှဆရာဝန် ယာဥ်မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံးကြောင်း Special.9-HPDF က ယနေ့(မတ်လ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂၁ ရက်) ည ၈ နာရီခန့်က မောင်းကုန်းကျေးရွာအနီးဆွဲမိုင်း ၈ လုံး ဆင်၍ အကြမ်းဖက်စစ်ကောင်စီ တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Special.9-HPDF တာဝန်ရှိသူက ​ပြောသည်။

Public Service Announcement

“မက်ခ်တူး ယာဥ် ။စခ ဆရာဝန်ကို စောင့်ရှောက်ဖို့ ရဲတစ်ဦး ပါတယ်။သူလည်းသေတယ်။တပ်ကြပ်သာစိန်လို့ သိရတယ်”ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နာရီဝက်အကြာတွင် မိုင်းဆွဲခံရသည့် နေရာသို့ လာရောက်စစ်ဆေးသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အခု တကောင်း ဆေးရုံမှာ ဒဏ်ရာရ စခလေးယောက်ကို တင်ထားတယ်။နှစ်ယောက်က အခြေအနေ သိပ်မကောင်းဘူးလို့ ထပ်သိရတယ်”ဟု အထက်ပါတာဝန်ရှိသူကဆက် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။