Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိူင့်တ​ကောင်းနီကယ်စက်ရုံအနီး စစ်​ကောင်စီတပ်ဆရာဝန်ကားမိုင်းဆွဲခံရ ၂ ဦး​သေ

“အခု တကောင်း ဆေးရုံမှာ ဒဏ်ရာရ စခလေးယောက်ကို တင်ထားတယ်။နှစ်ယောက်က အခြေအနေ သိပ်မကောင်းဘူးလို့ ထပ်သိရတယ်”ဟု အထက်ပါတာဝန်ရှိသူကဆက် ပြောသည်။

(​တ​ကောင်း​တောင်ကြေးနီးစက်ရုံအနီးဝန်ကျင်ကို​တွေ့ရစဥ်)

လာစစ်​​ဆေးသောစစ်သားများမိုင်းထပ်ဆွဲခံရပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ထီးချိုင့် မြို့နယ် တ​ကောင်းနီကယ်စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှဆရာဝန် ယာဥ်မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံးကြောင်း Special.9-HPDF က ယနေ့(မတ်လ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂၁ ရက်) ည ၈ နာရီခန့်က မောင်းကုန်းကျေးရွာအနီးဆွဲမိုင်း ၈ လုံး ဆင်၍ အကြမ်းဖက်စစ်ကောင်စီ တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Special.9-HPDF တာဝန်ရှိသူက ​ပြောသည်။

Public Service Announcement

“မက်ခ်တူး ယာဥ် ။စခ ဆရာဝန်ကို စောင့်ရှောက်ဖို့ ရဲတစ်ဦး ပါတယ်။သူလည်းသေတယ်။တပ်ကြပ်သာစိန်လို့ သိရတယ်”ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နာရီဝက်အကြာတွင် မိုင်းဆွဲခံရသည့် နေရာသို့ လာရောက်စစ်ဆေးသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အခု တကောင်း ဆေးရုံမှာ ဒဏ်ရာရ စခလေးယောက်ကို တင်ထားတယ်။နှစ်ယောက်က အခြေအနေ သိပ်မကောင်းဘူးလို့ ထပ်သိရတယ်”ဟု အထက်ပါတာဝန်ရှိသူကဆက် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။