Connect with us

Hi, what are you looking for?

News

NUG ကနိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ဝန်ထမ်း ၂၁၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်

နိုင်ငံခြားကုန်သွယ်မူဘဏ်သည် အစိုးရပိုင်ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး စစ်အုပ်စုကအာဏာသိမ်းပြီး​နောက်စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာဖွေပေးနေသည့် ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည်။

နိုင်ငံခြားကုန်သွယ်မူဘဏ်မှ ဝန်ထမ်း ၂၁၂ ဦးကို အမည်ပျက်စာရင်း(Blacklist) သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

ထိုထဲတွင် သန့်ရှင်းရေးမှ ဒုတိယအထွေထွေမန်နေဂျာရာထူးအထိ့အဆင့် ၁၆ မျိုးပါဝင်ပြီး ၎င်းတို့သည့် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်လျက်ရှိသော စစ်ကောင်စီယန္တားရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသောကြောင့်ဖြစ်သည်ဟု​ဖော်ပြထားသည်။

NUG ၏စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနကထုတ်ပယ်သည့် နိုင်ငံခြားကုန်သွယ်မူဘဏ်ဝန်ထမ်းစာရင်းတွင် ဒုတိယအထွေထွေမန်နေဂျာ ၆ယောက်၊ လက်ထောက်အထွေထွေမန်နေဂျာ ၇ ယောက်၊ မန်နေဂျာ ၁၇ယောက်၊ လက်ထောက်မန်နေဂျာ ၂၇ ယောက်၊ ငွေကိုင်ချုပ် တစ်ယောက်၊ ကြီးကြပ်ရေးမှူး ၄၁ ယောက်၊ ငွေကိုင် ၇ ယောက်၊ ဒုတိယကြီးကြပ်ရေးမှူး ၄၁ယောက်စသည့်တို့ပါဝင်သည်။

ထိုပြင် အကြီးတန်း၊ အငယ်တန်းစာရေးများ၊ လုံခြုံရေး၊ရုံးအကူ၊ ယာဉ်မောင်းနှင့် သန့်ရှင်းရေးများကိုပါ ဝန်ထမ်းအဖြစ်က NUGက ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေပြီး CDMဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ပြည်သူ့အစိုးရချေးပေးထားသည့်ချေးငွေများကို ပြန်လည်တောင်းခံခြင်းနှင့် အခြားသော ဖိနှိပ်မူများ ပြုလုပ်ခဲ့သည်ဟုပါရှိသည်။

နိုင်ငံခြားကုန်သွယ်မူဘဏ်သည် အစိုးရပိုင်ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး စစ်အုပ်စုကအာဏာသိမ်းပြီး​နောက်စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာဖွေပေးနေသည့် ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။