Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က KIOဌာနချုပ် လိုင်ဇာအား လက်နက်ကြီးဖြင့် ပစ်ခတ်ရာ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည်ကျ

အကြမ်းဖက်စစ်​ကောင်စီတပ်က KIA နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်အထိ့နာလျှင် လိုင်ဇာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်​လေ့ရှိသည်။ ယခုရက်ပိုင်းအတွင် ကချင်ပြည်နယ်အပြင် ၊ရှမ်းပြည်နယ် ၊စစ်ကိုင်းတိုင်းအစပ်တို့တွင် စစ်​ကောင်စီတပ်နှင့် KIA တိုက်ပွဲများဖြစ်ပွား​နေသည်။

စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာသို့ ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီးကျည် တစ်လုံးသည် တရုတ်နိုင်ငံဘက်ရှိ ကျေးရွာတစ်ခုသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၅)နယ်မြေ ဘွမ်ရယ်တောင်(Bumre Bum) ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မတ်လ ၂၃ရက် နံနက် ၃နာရီ ၄၅မိစနစ်တွင် လိုင်ဇာမြို့သို့ (၁၀၅၊၁၂၀ မမ) ဟုယူဆရသည့် လက်နက်ကြီး (၄) ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်လုံး တရုတ်ပြည် Na Bang ရွာထဲ ကျကွဲခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဘွမ်ရယ်တောင်၌ တပ်စခန်းချနေသည့် စစ်ကောင်စီတပ်မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၂၁) လက်အောက်ခံ ခလရ (၂၃၆)၊ ခလရ (၇၈)တပ် နှင့် လက်နက်ကြီး တပ် (အမတ) (၃၇၂) စုပေါင်းတပ် တို့ဖြစ်ကြောင်း သိရှိရသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့်လိုင်ဇာနှင့် တရုတ်ဘက်ရှိ ကျေးရွာများ၌ လူနှင့် အဆောက်အဦ ထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီတပ်က KIA နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်အထိ့နာလျှင် လိုင်ဇာသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်​လေ့ရှိသည်။ ယခုရက်ပိုင်းအတွင် ကချင်ပြည်နယ်အပြင် ၊ရှမ်းပြည်နယ် ၊စစ်ကိုင်းတိုင်းအစပ်တို့တွင် စစ်​ကောင်စီတပ်နှင့် KIA တိုက်ပွဲများဖြစ်ပွား​နေသည်။

KIA တပ်မဟာ(၈)၊ တပ်ရင်း(၅) နယ်မြေ တွင်လည်း ချောင်း၀ဒေသမှ တက်လာသည့် စစ်ကောင်စီတပ်ကို ယနေ့မနက် ၆ နာခန့်တွင် KIAနှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်များသေဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အဆိုပါ ချောင်၀ဒေသ မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၅ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆) နယ်မြေ ရှမ်းမြောက်ဒေသ၌လည်း KIA တပ်စခန်းရှိရာ သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို မတ်လ ၂၂ရက်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒေသအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။