Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မှာ လက်နက်ကြီးမှန်ပြီး ဆယ်တန်းကျောင်းသူတစ်ဦးသေဆုံး

တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူထကျေးရွာထဲကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဆယ်တန်းကျောင်းသူသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်အချိန်က စစ်ကောင်စီတပ်ဟာ ထီးမူးထကျေးရွာထဲကို လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး နေအိမ်တွေထိမှန်ပျက်စီးကာ အသက် ၁၇ ရွယ် ဆယ်တန်းကျောင်းသူတစ်ဦးသေဆုံးသွားခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

တိုက်ပွဲတွေဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။