Connect with us

Hi, what are you looking for?

News

ရိက္ခာပို့လာသည့်ယာဉ်စီးရေ ၈၀ကျော်ပါ စစ်ယာဉ်တန်းတိုက်ခိုက်ရေးအတွက် ယခင်ထက် ပိုပြင်ဆင်လာဟု မင်းတပ်CDF ပြော

စစ်ကောင်စီယာဉ်တန်းပါ ယာဉ်များသည် ရိက္ခာအပြည့် တင်ဆောင်လာပြီး ဖရိန်များကိုလည်း ယခင်ထက် ပိုမြှင့်ကာ မိုးကာများ အလုံပိတ်ထားကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - Mkl Mindat

AAနှင့်စစ်ရေးတင်းမာနေ၍ မတူပီရှိ တပ်ရင်းများကို အင်အားဖြည့်ပေးရန် ယူဆဟု မင်းတပ် CDF ဗျူဟာမှူးသုံးသပ်

မကွေးတိုင်း ကျောက်ထုမှ ချင်းပြည်နယ် မင်းတပ်သို့တက်လာသည့် စစ်ကောင်စီ၏ ယာဉ်အစီးရေ ၈၀ကျော်ပါ စစ်ယာဉ်တန်းတွင် တိုက်ခိုက်ရေးအတွက် ယခင်တစ်ခေါက်ထက် ပိုမိုပြင် ဆင်လာသည်ကို တွေ့ရကြောင်း မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

တင့်ကား၂စီးပါ စစ်ယာဉ်တန်းသည် မတ်လ ၂၃ရက်တွင် မင်းတပ်မြို့သို့ ရောက်ရှိလာပြီး ယနေ့တွင် လှုပ်ရှားမှုမရှိသေးကြောင်း၊ မင်းတပ်မှ မတူပီသို့ ရိက္ခာပို့မည်ဟု သတင်းရရှိထား ကြောင်း ၎င်းက ဆိုသည်။

“ကျောက်ထုမှာလည်း ၂ရက် ၃ရက်လောက်နေလိုက်တယ်။ အခုက ဘယ်လိုပုံစံမဖြစ်မလဲ။ စစ်သားတွေ မြို့ပေါ်မှာတော့ အလှုပ်တော့ရှိတယ်။ အင်အားအပြည့်နဲ့ ခြင်းခြားတောင်းတွေနဲ့ ကား သုံးစီးလောက်နဲ့ လှုပ်ရှားမှုရှိတယ်။ အဲဒီလှုပ်ရှားမှုက ထိုးစစ်ကို လာမလား အဲဒီလမ်း ကြောင်း( မင်းတပ်-မတူပီလမ်းကြောင်း)ကို ရှေ့ကနေ ပွိုင့်ရှင်းမလားဆိုတာ စောင့်ကြည့်နေ ဆဲပဲ”ဟု ဆလိုင်း ဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းပါ ယာဉ်များသည် ရိက္ခာအပြည့် တင်ဆောင်လာပြီး ဖရိန်များကိုလည်း ယခင်ထက် ပိုမြှင့်ကာ မိုးကာများ အလုံပိတ်ထားကြောင်း ၎င်းက ဆိုသည်။

“ ဒီတစ်ခေါက် တစ်ခုထူးခြားတာက ကားတွေမှာလက်နက်ကြီးတွေ အဆင်သင့် ပြင်ပြီးမှ လာတယ်။ အရင်တစ်ခေါက်ထက်ပြင်လာတယ်။ အရင်တစ်ခေါက်က တင့်ကားတွေနဲ့ပဲ လာတာပေါ့။ အခုကတော့ တင့်ကားအပြင် အဲဒီလို လက်နက်တွေတစ်ခါတည်းပြင်လာတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDF၏ Facebookစာမျက်နှာတွင်လည်း မင်းတပ် CDF၏ ဌာနချုပ်ခွဲ ဗျူဟာမှူး နိုင်းတမ်၏ သုံးသပ်ချက်ကို ယနေ့ ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ဆီလာနေတဲ့ ကားတန်းတဲ့ဗျာ။ တင့်ကား၂စီးအပါ အစီး၈၀ ကျော်တဲ့ ပြီးခဲ့တဲ့ ၂ခေါက်တုန်းကတော့ ကိုယ့်ဖက်ကအကျအဆုံးမရှိစေဘဲ သူတို့ကိုသွေးပျက် စေလောက်တဲ့ အထိတိုက်နိုင်ခဲ့တယ်ကျဆုံးနဲ့ဒဏ်ရာရ စာရင်းကို သူတို့သိတယ်။ ဒါကြောင့် သေချာပြင် ဆင်လာမှာမို့ ခုတစ်ခေါက်ကတော့ ခက်ခဲမယ်ထင်တယ်”ဟု CDF ဗျူဟာမှူးက ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် မင်းတပ် CDF ကို ရိပ်မိလာနေသည့်အပြင် လက်ရှိ မင်းတပ် CDF တွင် ကျည်နည်းပါးလာကြောင်း CDF ဗျူဟာမှူးက ရေးသားထားသည်။

“ပြည်သူတွေက Mindat CDF ဘာလုပ်နေသလဲလို့ အားမလိုအားမရဖြစ်ကောင်းဖြစ်ကြပါ လိမ့်မယ် ။ ဒါပေမယ့် လုံခြုံရေးအင်အား ၄၀၀-၇၀၀လောက်အပြင် တာဝေးပစ်တင့်ကား ၊ကျောက်ထု အမြောက် တပ်နဲ့ မင်းတပ်ကလက်နက်ကြီးပစ်ကူတွေပါဝင်နေတဲ့ စစ်တပ်နဲ့ တိုက်ရတာ တကယ်တမ်းမလွယ် ကူလှပါဘူး။ ကားတွေတင့်ကားတွေကို ကျွန်တော်တို့ ဖျက်နိုင်ပါတယ်။ ဘာလို့မဖျက်ရ တာလဲဆိုတော့ သူတို့အင်အားနဲ့လမ်းခုလပ်မှာ ပိတ်မိသွားရင် အနီးအနားကရွာတွေကိုဒုက္ခပေးမှာစိုးရိမ်ခဲ့ရလို့ပါပဲ။ ခုတစ်ခေါက်စစ်ကားတန်းမှာပါလာမှာက လက်နက်ခဲယမ်းတွေဖြစ်ဖို့များပါတယ်”ဟု CDF ဗျူဟာမှူးက ဆိုသည်။

အဆိုပါ လက်နက်ခဲယမ်းများသည် AAနှင့် စစ်ရေးတင်းမာနေခြင်းကြောင့် မတူပီရှိ တပ်ရင်း များကို အင်အားဖြည့်ပေးရန် အတွက်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေ၊စစ်ဘေးရှောင်တွေကိုထိပါးလာရင်တော့ အပြင်း ထန်ဆုံးတိုက်ခိုက်သွားမှာပါ”ဟု ဗျူဟာမှူး နိုင်းတမ်က ရေးသားထားသည်။

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က“သေချာတာတစ်ခုကတော့ ကျွန်တော် အထင်ကတော့ သိပ်မကြာခင် တိုက်ပွဲဖြစ်မယ်”ဟု သုံးသပ်ပြောကြားသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ်မှ မတူပီသို့ စစ်ယာဉ်တန်းဖြင့် အင်အားဖြည့် တင်းခဲ့ရာ မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။