Connect with us

Hi, what are you looking for?

News

မြင်းမူနယ်တွင် တော်လှန်ရေးညီနောင်လေးဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၂ ဦးသေ

မြောင်မြို့နယ် တော်လှန်ရေးတပ်အနေဖြင့် စစ်ကောင်စီတပ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးကပ်မနေရန်နှင့် စစ်ကောင်စီတပ်များကို ရှောင်ကွင်းသွားလာကြရန် သတိပေးထားသည်။

မြင်းမူနယ်တွင် တော်လှန်ရေးညီနောင်လေးဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်က ယနေ့(မတ် ၂၅)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် တော်လှန်ရေးတပ်နှင့်အတူ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ အရပ်တပ်ခွဲ (၁)၊ Knight Commanders(MMU)၊ Zarmani Revolution Force တို့မှ စာသင်ကျောင်းတစ်ခုတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ ကင်းလှည့်လာစဥ် ယမန်နေ့ည ၇ နာရီကျော်က တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မြင်းမူမြို့ပေါ်မှာဖြစ်တာပါ။စစ်ကောင်စီရဲ့အထက်တန်းစာမေးပွဲဖြေဆိုရန်အတွက် လုံခြုံရေးစောင့်တပ်စွဲထားကြတာပါ။ကင်းပတ်တာကတော့ ခြေလျင်ပါပဲ။ အဲ့အချိန်မှာကျွန်တော်တို့ကပြောက်ကျားတိုက်ခိုက်လိုက်တာပါခင်ဗျာ။”ဟု မြောင်မြို့နယ် တော်လှန်ရေးတပ် MRA မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၈ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း လည်းပါရှိသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် တော်လှန်ရေးတပ်အနေဖြင့် စစ်ကောင်စီတပ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်နေပြီး ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးကပ်မနေရန်နှင့် စစ်ကောင်စီတပ်များကို ရှောင်ကွင်းသွားလာကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။