စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာနှင့် ဇီးဖြူကုန်းရွာတွင်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိနိုင် ကြောင်း SNAKE EYES-PDFက သတင်းထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၂၅ ရက်)က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာနှင့် ဇီးဖြူကုန်းရွာရှိ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကာကွယ်ရေးအဖွဲ့ များဖြစ်ကြသော SNAKE EYES-PDF၊ C&T SHWEBO၊ PEOPLE DEFENCE FORCE SHWEBO၊ ALPHA-7 နှင့် တပ်ပေါင်းစု(၂)တို့မှ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှနှစ်ဦး သေဆုံးနိုင်ပြီးနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း SNAKE EYES-PDF အဖွဲ့က ဆိုသည်။
“နေ့လယ် ၁ နာရီနဲ့ ၂နာရီကြားပါ။ ဝေဟင်က တိုက်ခိုက်တာပါ။ တစ်နေရာကိုသုံးကြိမ်စီနဲ့ ၂နေရာပေါင်းကို ခြောက်ကြိမ် တိုက်ခိုက်ခဲ့တာပါ”ဟု SNAKE EYES-PDF တာဝန်ရှိသူက ပြောသည်။
ကာကွယ်ရေးအဖွဲ့အစည်းများလည်း အထိအခိုက်မရှိအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း SNAKE EYES PDFက အသိပေးသည်။

Public Service Announcement
ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာသို့ အင်အား ၈၀ခန့်ဖြင့်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မရကန်ရွာရှိ ပြည်သူ့နေအိမ်တစ်လုံး အား မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဖြစ်သော SNAKE EYES-PDF၊ C&T SHWEBO၊ People Defence Force Shwebo၊ Alpha-7၊ အရာတော် ရွှေချိုးဖြူ (ပ.က.ဖ)နှင့် ရွှေဘိုမြို့နယ်ပ.က.ဖတပ်ပေါင်းစု (၂)တို့သည် ဒီပဲယင်းမြို့နယ်ရှိ ကာကွယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဦး သေဆုံးနိုင်ကာ ၂၀ခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။


















































