Connect with us

Hi, what are you looking for?

News

မန္တလေးမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ ပစ်ခတ်ခံရလို့ ရဲတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဆိုင်ကယ် နှစ်စီးကို တားဆီးချိန် အဲဒီဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်တာလို့သိရပါတယ်။

People's Spring
People's Spring

မန္တလေးမှာ သွားလာနေတဲ့ ယာဉ်တွေ ၊ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီပူးပေါင်း အဖွဲ့ ဟာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းက မဟာအောင်မြေမြို့နယ် အတွင်း ရတနာပုံခန်းမရှေ့မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က စစ်ဆေးနေချိန် သေနတ်နဲ့အပစ်ခံလိုက်ရတာပါ။

စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဆိုင်ကယ် နှစ်စီးကို တားဆီးချိန် အဲဒီဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်တာလို့သိရပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ညာဘက်ခါးကိုသေနတ်မှန်သွားပြီး စစ်ကောင်စီဘက်ကလည်းပြန်လှန်ပစ်ခတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသွားတဲ့ ရဲ ကို နန်းတွင်းစစ်ဆေးရုံမှာ ကုသပေးနေပြီး စိုးရိမ်ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook