Connect with us

Hi, what are you looking for?

News

တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေ

စုကလမြို့အနီး ထီးကပလယ်ရွာနားမှာရှိတဲ့ စစ်ကောင်စီစခန်းကို မနေ့က KNLA ပူးပေါင်းအဖွဲ့တွေက တက်ရောက်သိမ်းပိုက်ဖို့ကြိုးစားစဉ်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေပါအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဒီကနေ့လည်း KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက်မနက်ပိုင်းနဲ့ မနေ့ညနေပိုင်းက မော်ခီးစခန်းကိုပြန်လည်သိမ်းပိုက်ဖို့အတွက် စစ်အင်အားတွေထပ်မံတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဖလူးဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ဒီလို တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ သောင်ရင်းမြစ်ကမ်းအနီးမှာ ခိုလှုံနေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်နေထိုင်ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

Public Service Announcement

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာလည်း မြ၀တီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ စုကလိမြို့အနီးမှာလည်း ထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စုကလမြို့အနီး ထီးကပလယ်ရွာနားမှာရှိတဲ့ စစ်ကောင်စီစခန်းကို မနေ့က KNLA ပူးပေါင်းအဖွဲ့တွေက တက်ရောက်သိမ်းပိုက်ဖို့ကြိုးစားစဉ်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေပါအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တပ်မဟာ ၆ ကတော့ ပြည်သူတွေအနေနဲ့ မြ၀တီ-ဝေါ်လေ လမ်းမကြီးနဲ့ မြ၀တီ-ကော့ကရိတ်အာရှလမ်းမတွေမှာ မနက်ဖြန်ကစပြီး ဖြတ်သန်းသွားလာမှုကို ယာယီရပ်ဆိုင်းထားကြဖို့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ကြေငြာထားပါတယ်။

တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုဆောင်ရွက်လာလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှု ပိုမိုများပြားလာခဲ့ပြီး စစ်ရေးတင်းမာမှုကြောင့် လေးကေကော်နဲ့ ကော့ကရိတ်တောင်ပိုင်းက ဒေသခံပြည်သူအပါအဝင် ဒေသခံ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။