Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် အိမ်စီးကားအသုံးပြုလာသော စစ်ကောင်စီအဖွဲ့ ဗုံးပစ်ခံရပြီး တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ခဲ့သည့် ဖြစ်စဥ်မှာ ယမန်နေ့(မတ်လ ၂၆ ရက်)ည ၇နာရီခန့်က ပေ၈၀လမ်းနှင့်သာစည်လမ်းထောင့်တွင် စစ်ကောင်စီတပ်သားများ၏ အိမ်စီးကား Mark -II ကားတစ်စီးအတွင်းသို့ ဗုံးတစ်လုံး ပစ်ထည့်၍ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ယနေ့ မုံရွာမြို့နေရာအနှံ့တွင် ဗုံး၉လုံးပေါက်ဟုဆို

မုံရွာမြို့တွင် အိမ်စီးကားအသုံးပြုလာသော စစ်ကောင်စီအဖွဲ့ကို ဗုံးပစ် တိုက်ခိုက်ရာ တစ်ဦးသေ ဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Special Regional Attacks Force-Monywaက ယနေ့(မတ်လ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်ခဲ့သည့် ဖြစ်စဥ်မှာ ယမန်နေ့(မတ်လ ၂၆ ရက်)ည ၇နာရီခန့်က ပေ၈၀လမ်းနှင့်သာစည်လမ်းထောင့်တွင် စစ်ကောင်စီတပ်သားများ၏ အိမ်စီးကား Mark -II ကားတစ်စီးအတွင်းသို့ ဗုံးတစ်လုံး ပစ်ထည့်၍ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

ထို့အပြင် ယနေ့တွင် မုံရွာမြို့ရှိ အောင်ချမ်းသာ တပ်ရင်း(၁၆)ထောင့်၊ အောင်ချမ်းသာ အောင်မင်္ဂလာလမ်းဆုံ၊ ဘူတာကြီးအနီး၊ဝါစက်ကွင်းနှင့် သာစည်လမ်း၊ရတနာပုံ၊ ဘိုးဘွားရိပ်သာ၊စီးပွား ရေးဘဏ်၊အာဇာနည်လမ်းနှင့် မြို့လယ်မီးပွိုင့်တို့တွင် ဗုံး ၉လုံး ဖောက် ခွဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ည ၉နာရီခွဲခန့်ကလည်း မုံရွာမြို့ GTC ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၄၀ မမ ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ တစ်ဦးရှိကြောင်းလည်း People’s Defence Force – South Monywa က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။