Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်ချက်ကြောင့် ညာလက်ဖြတ်လိုက်ရသူ အင်ဂျင်နီယာကျောင်းသားကို ထောင် ၃ နှစ်ချ

ရရှိတဲ့ဒဏ်ရာတွေကြောင့် မောင်လျှံဖြိုးအောင်ရဲ့ ညာလက်ဟာ လက်ကောက်ဝတ်အထက်နားကနေ ဖြတ်လိုက်ရသလို ညာဘက်မျက်လုံးမှာ ယမ်းစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီ လက်ချက်ကြောင့် ညာဘက်လက် ဆုံးရှုံးသွားရတဲ့ မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင် ကို စစ်ကောင်စီက နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

မောင်လျှံဖြိုးအောင် ထောင် ၃ နှစ်ချခံရတာကို ဖခင်ဖြစ်သူက လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်မှာ မကွေးနည်းပညာတက္ကသိုလ် ဒုတိယ နှစ်ကျောင်းသားမောင်လျှံဖြိုးအောင်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ရတာပါ။

ရရှိတဲ့ဒဏ်ရာတွေကြောင့် မောင်လျှံဖြိုးအောင်ရဲ့ ညာလက်ဟာ လက်ကောက်ဝတ်အထက်နားကနေ ဖြတ်လိုက်ရသလို ညာဘက်မျက်လုံးမှာ ယမ်းစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာအပြင်းအထန်ရထားတဲ့ မောင်လျှံဖြိုးအောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကွေးစစ်ဆေးရုံ ကိုခေါ်ဆောင်သွားပြီး ကုသမှုခံယူနေချိန်မှာပဲ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့တရားစွဲခဲ့တာပါ။

အဲဒီနောက်မကွေးထောင်ကိုပို့ဆောင်ခဲ့တယ်လိုသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

Facebook