Connect with us

Hi, what are you looking for?

News

တပ်ဖွဲ့စုစည်းမှုတစ်ပြည့်အဖြစ် ဗကင်းရဲစခန်းကို တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ကိုးဦး​သေဟု PRA ​ခေါင်း​ဆောင် ဗိုလ်ဂျပန်​ပြော

ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဗဟင်းရဲစခန်းတွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သား အင်အား ၆၃ဦးရှိသည်ဟု သိရသည်။

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ဗဟင်းရဲစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)ဦးဆောင်သူ ဗိုလ်ဂျပန် က People’s Spring သို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန် PRA ဖွဲ့စည်းမှု တစ်နှစ်ပြည့် ယနေ့တွင် ရဲစခန်းတစ်ခု သိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီ၏ လေယာဥ်စစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

“တိုက်ပွဲက ၁၁ နာရီ ၄၅ မိနစ်လောက်မှာစတယ်။ ညနေ လေးနာရီမှ ပြီးတယ်။ ၃ နာရီခွဲလောက်မှာ လေယာဥ် ပစ်ကူလာတယ်။နာရီဝက်နီးပါးလောက် လေယာဥ် ပစ်ကူကို တောင့်ခံခဲ့ရတယ်။ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့တယ်”ဟု ဗိုလ်ဂျပန်က ရှင်းပြသည်။

ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဗဟင်းရဲစခန်းတွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သား အင်အား ၆၃ဦးရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း PRA နှင့် အတူ နယ်မြေခံပြည်သူ့တပ်ဖွဲ့များမှ ရဲဘော်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း လည်း PRA ဦးဆောင်သူက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook