Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်က ​ကျေးရွာများကို စစ်​ကောင်စီတပ်က လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်​​သောင်းကျန်း​နေ

“အရင်အပတ်ထဲက ကျွန်တော်တို့ Campကို ဝင်စီးတာ အကုန်ပါသွားတယ်။ ရဲဘော်အားလုံးဘေးကင်းပြီး ထိခိုက်မှုမရှိ့ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။ ၅ရက်ကြာ ​လေးညအိပ် တပ်ဆွဲသွားတယ်ဗျ။”ဟု Khin U Local Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(ခင်ဦးမြို့နယ်အတွင်း မတ်လလယ်က မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာတစ်ရွာအား ​တွေ့ရစဥ်၊ဓါတ်ပုံ-Cj)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သောင်းကျန်းနေ၍ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ၂၉ ရက်) နံနက် ၈နာရီမိနစ်၂၀ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သည် အရှေ့မြောက်ခြမ်း ကုလားလူးရွာ၊ရှားလွင်ရွာ၊ရွာဇင်ရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားသုံးကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာများအတွင်းသို့ ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ နံနက် ၁၀နာရီခန့်တွင် ရွာဇင်ရွာ အနောက်ဘက်ရှိ တောတဲ၂လုံးအားစတင် မီးရှို့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း၊ ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

“စခတွေ ဒီမနက်လည်း ညောင်ကန်ရွာ ရဲ့ အရှေ့ဘက်မှာ တောနင်းနေတယ်။”ဟု ခင်ဦးဒေသခံတစ်ဦးက ပြောသည်။

“အရင်အပတ်ထဲက ကျွန်တော်တို့ Campကို ဝင်စီးတာ အကုန်ပါသွားတယ်။ ရဲဘော်အားလုံးဘေးကင်းပြီး ထိခိုက်မှုမရှိ့ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ။ ၅ရက်ကြာ ​လေးညအိပ် တပ်ဆွဲသွားတယ်ဗျ။”ဟု Khin U Local Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယမန်နေ့(မတ်လ ၂၈ ရက်)ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်ခဲ့ပြီး အလယ်ရှိုကျေးရွာ ဘုန်းကြီးကျောင်းအားတပ်စွဲအထိုင်ချနေကာ ကျေးရွာအတွင်းမွှေနောက်နေသောကြောင့် ဒေသခံများထွက်ပြေးခဲ့ရကြောင်း နယ်ခံများက ပြောသည်။

မတ်လ ၂၆ ရက် မွန်းလွဲ၂နာရီ အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယာယီအခြေချထားသော ပျဥ်ထောင်ကျေးရွာမှ စကစ ကားတစ်စီးသည် ခင်ဦးမြို့သို့ လာရာ ကံသစ်တံတားမြောက်ဘက်အနီးတွင် မိုင်းဆွဲခံခဲ့ရပြီး သုံးဦးခန့်သေဆုံးကြောင်း၊ ခင်ဦးမြို့ပေါ်ရဲစခန်းမှ ကား သုံးစီးနှင့်ဆိုင်ကယ်များဖြင့် လာရောက်ပူးပေါင်းသည့် အကြမ်းဖက်စစ်တပ်မှာလည်း လမ်းတွင် ထပ်မံမိုင်းဆွဲခံရကာ ဒဏ်ရာရရှိသူများရှိနိုင်ကြောင်း Armed Revolutionary Force K.U(ARF)တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။