Connect with us

Hi, what are you looking for?

News

ကိုးကန့်တပ်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဈာပန မိုင်းလား၌ စတင်ကျင်းပ၊ လူဦး​ရေ သုံး​ထောင်ခန့်တက်​ရောက်

MNDAAနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ထား​သောအကြမ်းဖက်စစ်ကောင်စီ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်က တိုင်းမှူးအပါအဝင် ကိုယ်စားလှယ်နှစ်ဦးတက်ရောက်ခဲ့သည်။

▪️မတ်လ ၃၁ရက်တွင် ရိုးရာအရ ရုပ်အလောင်းကို သင်္ဂြိုလ်မည်

ကိုးကန့်လက်နက်ကိုင်တပ်(MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို ၎င်းကွယ်လွန်ပြီး ရက်ပေါင်း ၄၀ကျော်အကြာ မတ်လ ၂၉ရက်တွင် မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)နယ်မြေ၌ ကျင်းပခဲ့ရာ လူဦး​ရေ သုံး​​ထောင်ခန့် တက်​ရောက်ခဲ့သည်။

အသက် ၉၄နှစ်အရွယ်ရှိပြီဖြစ်သော MNDAA ဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီ ၁၆ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ဈာပနအခမ်းအနားထဲကို တက်ရောက်တဲ့ လူဦးရေက ၂၅၀၀ လောက်ရှိတယ်။ ဘေးက ကြည့်တဲ့လူတွေနဲ့ ပေါင်းရင်တော့ ၃၀၀၀ နီးပါးလောက်ရှိမယ်။ ကိုဗစ်ရောဂါကြောင့်မို့လို့ ထိပ်သီးခေါင်းဆောင်တွေမလာကြပေမယ့် ကျွန်တော်တို့ မဟာမိတ် ညီနောင်အဖွဲ့အစည်းတွေ အားလုံးတော့ တက်ရောက်ပါတယ်ဗျ” ဟု MNDAA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စျာပနအခမ်းအနားသို့ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့မှတိုင်းရင်း သားလက်နက်ကိုင်းအဖွဲ့​ခေါင်း​ဆောင်များလည်း စတက်​​ရောက်ခဲ့ကြသည်။ထိုအပြင် ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF)မှ​ခေါင်း​ဆောသ်များလည်းတက်​ရောက်ခဲ့သည်။

MNDAAနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ထား​သောအကြမ်းဖက်စစ်ကောင်စီ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်က တိုင်းမှူးအပါအဝင် ကိုယ်စားလှယ်နှစ်ဦးတက်ရောက်ခဲ့သည်။

“၂၉ရက်နေ့မှာ ဈာပန အခမ်းအနားကျင်းပတယ်။ ပြီးတော့ ၃၀ရက်မှာလည်း ဥက္ကဋ္ဌ အိမ်မှာတော့ ဧည့်သည်တွေ ကတော့ရှိတယ်။ ၃၁ရက်နေ့မှာကြတော့ တောင်တက်ပြီးတော့ သူ့ကို သင်္ချိုင်းချတာပေါ့။ကျွန်တော်တို့ တရုတ်ရိုးရာကျတော့ သစ်သားသေတ္တာထဲမှာထည့်ပြီး မြေမြှုပ်တာ”ဟု MNDAA တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဦးဖုန်ကြားရှင်၏ ရုပ်အလောင်းကို မပျက်မစီးအောင် စီမံထားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဈာပနအခမ်းအနားအတွက် ပြင်ဆင်တာကလည်း ရက်ပေါင်း ၄၀ကျော်ရှိပြီလေ။ ရေခဲသေတ္တာနဲ့ ကောင်း ကောင်းထည့်ပြီး သူ့ရုပ်ရည်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားတာပေါ့” MNDAA တပ်ဖွဲ့ဝင်က ပြောသည်။

ဦးဖုန်ကြားရှင်၏ ဈာပန ကျင်းပရေးကော်မတီကို ၀အဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရခိုင်အဖွဲ့(AA)၊ ရှမ်းအဖွဲ့(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကချင်အဖွဲ့(KIA)၊ ကိုးကန့်အဖွဲ့(MNDAA) ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ နှစ်ဖက် စစ်ရေးစုဖွဲ့မှုတွေ ဆက်ရှိနေကြောင်း ဒေသခံနဲ့ ဒေသစစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်း ၊မိုင်းလားဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကို လက်သင့်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစန်ပေ့က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ မေလ ၂၅ ရက်တွေ့ဆုံရာမှာအသိပေးပြောဆိုပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။