Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းပကဖ တာဝန်ခံကို မိုင်းလားအဖွဲ့-NDAAကဖမ်းဆီးပြီးစစ်တပ်လက်အပ်

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

(မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် )

ဇူလိုင်-၂၅၊၂၀၂၆၊နှင်း/People’s Spring

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

ကိုဝဏ္ဏအောင်ရဲ့ဇနီးဖြစ်သူကို ဇွန်လ၂၃ရက်နေ့က ကျိုင်းတုံမြို့အနီးက စစ်‌‌‌‌ ဆေးဂိတ်မှာ စစ်တပ်က ဖမ်းမိခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်ကဆက်လိုက်ရာမှာ မိုင်းလားမြို့ကို ရောက်နေတဲ့ ကိုဝဏ္ဏအောင်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)အဖွဲ့က ဖမ်းဆီးပြီး စစ်တပ်ထံ ပို့ခဲ့တာလို့ သိကရပါတယ်။

Public Service Announcement

Public Service Announcement

“အခုက ၂ ယောက်လုံးအဆက်အသွယ်ပြတ် နေတယ်။NDAA-မိုင်းလားအဖွဲ့နယ်မြေထဲမှာမို့ စစ်တပ်ကအဲဒီအဖွဲ့ကို ဖမ်းခိုင်းတာ။ဒီအဖွဲ့ကဖမ်းပြီး စစ်တပ်ဆီပို့လိုက်တယ်လို့ မနေ့က(ဇူလိုင် ၂၄) တည်း သတင်းရပါတယ်”လို့ နီးစပ်သူတဦးက ပြောပါတယ်။

NDAAဖမ်းဆီးချိန်ကစပြီး ဇူလိုင် ၂၅ ရက်အထိ ကို၀ဏ္ဏအောင် (ခေါ်)ကို ဏကြီးရဲ့ သတင်းကို ဘာမှမသိရသေးဘူးလို့ သိရပါတယ်။

ကိုဝဏ္ဏအောင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့တံတားဦးမြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

မိုင်းလားအဖွဲ့ဟာ စစ်တပ်အာဏာမသိမ်းခင်က​​ရော ၊အာဏာသိမ်းပြီး​နောက်ပိုင်းမှာပါ စစ်တပ်ကို တိုက်ခိုက်တာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ် ။လာမယ့်သြဂုတ်လမှာ ဝတပ်ဖွဲ့ -UWSA ၊ ကိုးကန့်တပ်ဖွဲ့ -MNDAA တို့နဲ့အတူ မိုင်းလားတပ်ဖွဲ့-NDAA ကလည်း စစ်တပ်နဲ့​ ​နေပြည်​တော်ကိုသွား​ရောက်ဆွေး​​​​နွေးမယ်လို့ သတင်းထွက်​နေတယ်လို့ ရှမ်းပြည်နယ်ကစစ်​ရေးအကဲခတ်အချို့က​ပြောပါတယ် ။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUG တာဝန်ရှိသူ​တွေကိုဆက်သွယ်​မေးမြန်းဖို့ လူထု​နွေဦးကကြိုးစား​နေဆဲဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတဦးမြင့်ဆွေ သေဆုံးမှုအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(SSPP)နှင့် မိုင်းလားတပ်ဖွဲ့(NDAA) တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်း ၊မိုင်းလားဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ကို လက်သင့်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစန်ပေ့က အာဏာ သိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့ မေလ ၂၅ ရက်တွေ့ဆုံရာမှာအသိပေးပြောဆိုပါတယ်။

သတင်း

ဦးစိုင်းလင်းအပါအဝင် မိုင်းလားတပ်ဖွဲ့သည် MNDAA၏ တော်လှန်ရေးအတွက် ထင်ရှားသည့် ကူညီမှုများပေးခဲ့ဟု ဖော်ပြ