Connect with us

Hi, what are you looking for?

News

စည်းလုံးမှု မပျက်ပြားရန်နှင့် လက်နက်ချ စခန်းစွန့်ခွာခြင်းများမပြုရန် ရဲတပ်ဖွဲ့ဝင်များကို စစ်​ကောင်စီ ညွန်ကြားနေ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်လာနိုင်သည်များအား စကစမှ ရိပ်မိလျက်ရှိပြီး ၎င်းတို့အားပြန်လည်တော်လှန်လာမည်ကို စိုးရိမ်နေကြောင်း MPCC ကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရဲစခန်း၊ ရဲကင်းများရှိ ရဲများအား စည်းလုံးမှုပျက်ပြားခြင်းမရှိစေရန်နှင့် စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပေါ်လာပါက လက်နက်ချအညံ့ခံခြင်းများ၊ စခန်းစွန့်ခွာခြင်းများမရှိစေရန် ညွှန်ကြားနေကြောင်း Myanmar Police CDM Channel(MPCC) က ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံးမှုရှိရေး အလေးပေးပြောကြားနေချိန်တွင် အထက်ပါညွန်ကြားစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၇၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် မင်းအောင်လှိုင်က ၎င်း၏ လက်ပါးစေများကို တပ်တွင်းစည်းလုံးစေရေး ပြောကြားနေခြင်းကပင် တပ်တွင်းစည်းလုံးညီညွတ်မှု ပျက်ပြားနေသည်ကို သက်သေပြနေကြောင်း လေ့လာသူအချို့က သုံးသပ်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်လာနိုင်သည်များအား စကစမှ ရိပ်မိလျက်ရှိပြီး ၎င်းတို့အားပြန်လည်တော်လှန်လာမည်ကို စိုးရိမ်နေကြောင်း MPCC ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် Non CDM ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယခုအချိန်ထိ စကစ၏ နဖားကြိုးထိုးခိုင်းစေမှုများအား အမြန်ဆုံးစွန့်ခွာပြီး အမြင်မှန်ရရှိသွားကြရန် MPCC ကတိုက်တွန်းထားသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့ကို စွန့်ခွာကာ ပြည်သူလူထုဘက် ရပ်တည်လာသည့် CDM ရဲအရာရှိ၊ တပ်ဖွဲ့ဝင်ဦးရေ ၆,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။