လူသိများသည့်ရုပ်သံကြေညာသူအဖြစ်မှ CDMပြုလုပ်ပြီး PDF တပ်ဖွဲ့ဝင်ဖြစ်လာသော ဦးကျော်သက်လင်း၏အစ်မ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama တက္ကသိုလ်မှ ဒေါင်တာဘွဲ့ရရှိသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ကိုယ်တိုင်လည်းအာဏာသိမ်းစစ်ကောင်စီကိုဖီဆန်၍ CDM ပြုလုပ်ခဲ့သူဖြစ်ပြီးOkayamaတက္ကသိုလ်တွင် ဒေါက်တာဘွဲ့ရသည်မှာမြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင်အမြင့်ဆုံးဘွဲ့ကို ပထမဆုံးရရှိသူ ဖြစ်လာသည်။
ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပြီး ယင်းအတွက် ဂုဏ်ယူရကြောင်း ဒေါ်ယဥ်မိုးသက်၏ မိတ်ဆွေများက လူမှုကွန်ရက်၌ ရေးသားနေကြသည်။
” ကျွန်မတို့ လေးစားချစ်ခင်ရတဲ့ မြန်မာ့အသံဦးကျော်သက်လင်းရဲ့ အစ်မဖြစ်သူတွဲဖက်ပါမောက္ခ ဆရာမ ဒေါ်ယဥ်မိုးသက်သည်ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ကို ရရှိခဲ့ပါပြီ။ ကျွန်မတို့ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျပန်ဘာသာဌာနတွင် ပထမဆုံးရရှိသောအမြင့်ဆုံးဘွဲ့ဖြစ်ပါသည်” ဟု CDM ပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်အေးအေးသင်းက ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ မတ်လ၂၈ ရက်တွင်ဂုဏ်ပြုရေးသားထားသည်။

Public Service Announcement

ဌာနတစ်ခုတည်းတာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ယဥ်မိုးသက်နှင့် ဒေါ်အေးအေးသန်းသည် စစ်အာဏာရှင် ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့၍ ရာထူးမှ ထုတ်ပယ်ထားကြောင်းအကြမ်းဖက်စစ်ကောင်စီက ကြေငြာထားသည်။၎င်းတို့နှစ်ဦးအပါအဝင် CDMပြုလုပ်ထားသည့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ပညာရေးဝန်ထမ်း ရှစ်ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ရက်တွင် ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံ Okayama University မှ PhD ဘွဲ့ ကို တွဲဖက်ပါမောက္ခဒေါ်ယဥ်မိုးသက်ရရှိခဲ့သည့်အပေါ် ပါဒေါ်ယဥ်မိုးသက်၏ တပည့်တစ်ဦးက ” ဒီထက်ဂုဏ်ယူစရာမရှိတော့ဘူး။ ဇူးတို့ကိုစာသင်ပေးခဲ့တဲ့ အပြုံးပိုင်ရှင်ဆရာမကဒီလိုကွဆိုပြီး proud မျိုးဒီတစ်ခါပိုင်ဆိုင်ဖူးပြီ” ဟု လူမှုကွန်ရက်၌ ရေးသားထားသည်။
မြန်မာ့အသံမှ ဦးစီအရာရှိ ဦးကျော်သက်လင်းသည် CDM ပြုလုပ်ပြီးနောက် ယခုအခါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်(PDF)အဖြစ် လွတ်မြောက်နယ်မြေတွင် ရောက်ရှိတာဝန်ထမ်းဆောင်နေသည်။


















































