Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းတွင် အမျိုးသမီးငယ်များပါဝင်သည့် စစ်ကျွန်မခံမြွေဆိုးတသိုက် (LPDF) ပြည်သူ့ကာကွယ်ရေးတပ် ထပ်မံဖွဲ့စည်း

စစ်ကျွန်မခံမြွေဆိုးတသိုက်တွင် သွက်လက်သန်မာသည့် အမျိုးသမီးငယ် ၂၀ဦးထက်မနည်း ပါဝင်ပြီး အားလုံးသည် တိုက်ခိုက်ရေးတွင် အားသန်သူများဖြစ်သည်ဟု ရွှေတြိဂံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေတြိဂံတပ်ရင်း လက်အောက်တွင် အမျိုးသမီးငယ်များပူးပေါင်းပါဝင်သည့် စစ်ကျွန်မခံမြွေဆိုးတသိုက်(LPDF) ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်သည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်(LPDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထား ကြောင်းကို ရွှေတြိဂံတပ်ရင်း(Golden Triangle Force)က မတ်လ ၃၀ရက်တွင် သတင်းထုတ်ပြန်ကာ လူထုအားအသိပေး ထားသည်။

“အမှန်တရားအတွက် ယောက်ျားအရင့်မာကြီးများနှင့်တန်းတူအသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ မိန်းမများ၊ထမိန်အလံထူပြီး စစ်ခွေးတပ်ကိုအမြစ်ဖြတ်မယ်” စသည်ဖြင့် စစ်ကျွန်မခံမြွေဆိုး တသိုက်က ကြွေးကြော်ထားသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်တွင် သွက်လက်သန်မာသည့် အမျိုးသမီးငယ် ၂၀ဦးထက်မနည်း ပါဝင်ပြီး အားလုံးသည် တိုက်ခိုက်ရေးတွင် အားသန်သူများဖြစ်သည်ဟု ရွှေတြိဂံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တပ်ရင်းအောက်မှာ ထပ်ဖွဲ့တာ။ သူတို့လည်း စစ်အာဏာရှင်ကို မောင်းထုတ် ချင်တယ်ဆိုပြီး ဝင်လာတာ။ ချက်ပြုတ်ရေးဘက်ဝင်မလား၊တိုက်ခိုက်ရေးဘက်ဝင်မလားလို့ မေးတော့ အကုန်လုံးက တိုက်ခိုက်ရေးပဲ လုပ်မယ်လို့ ဖြေကြတာ”ဟု ပြောသည်။

စစ်ကျွန်မခံမြွေဆိုးတသိုက်သည် မတ်လ ၂၃ရက်နှင့် ၂၄ရက်က မင်းကင်း မြို့နယ် ကျော်ရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တိုက်ပွဲ၌ ပထမဆုံးအကြိမ် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ရွှေတြိဂံတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၇ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

“အောင်ပန်းတွေနဲ့အတူပြန်ခဲ့တဲ့ မြွေဆိုးမလေးများ” ဟု ရွှေတြိဂံတပ်ရင်းက ချီးကျူးထားသည်။

ရွှေတြိဂံတပ်ရင်း(Golden Triangle Force)သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊မင်းကင်းနှင့် ယင်းမာပင်နယ်တို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက် ခဲ့ပြီးနောက် ဒေသခံလူငယ်များ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဖြစ်သည်။ဒေသတွင်း အခြား ပြည်သူ့ ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားပြီး စစ်ကောင်စီအား တိုက်ခိုက်ရွာတွင် ရွှေတြိဂံတပ်ရင်း က အမြဲလိုလို ပူးပေါင်းပါဝင်သည်က်ို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။