Connect with us

Hi, what are you looking for?

News

မတူပီ CDF တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း စစ်ကောင်စီတပ် ၁၆ဦးထက်မနည်းသေ၊ ဒဏ်ရာရသူများ

စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မတူပီမှ ကျောက်သယ်ယာဉ်များဖြင့် စစ်အင်အားဖြည့်တင်းနေကြောင်း၊ CDF တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆသည့်နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။

မတူပီအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ် ဆောင်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF) ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ထု – မင်းတပ်မှတစ်ဆင့် မတူပီမြို့တို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို သွားကြိုမည့် မတူပီအခြေစိုက် စစ်ကောင်စီတပ်ကိုမတ်လ ၃၀ရက်မှစ၍ မတူပီ CDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဖြစ်စဉ်က မနေ့ကသူတို့ မြို့ကနေ စထွက်တော့ မိုင်းနင်းမိတယ်။ မိုင်းနင်းမိတော့ ကျဆုံးတာ တွေရှိတယ်။ ဒီမနက်တော့ ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်တယ်။ အဲဒီမှာက ၁၁ယောက် လောက်ကျတယ်။ ကျွန်တော်တို့က မိုင်းတွေရော လက်ပစ်ဗုံးတွေရော အဲဒီမှာ တိုက်ခိုက်တာ။ ဒီနေ့က မနက် ၇နာရီခွဲမှာ ၁၁ယောက်လောက်ကျတယ်။ ၉နာရီခွဲ တိုက်ပွဲမှာက ၃ယောက်လောက် ထပ်ကျတယ်။ စုစုပေါင်း သူတို့ဘက်က ၁၆ယောက်လောက်ကျတယ်။ဒဏ်ရာကတော့ အတည်မပြုနိင်သေးဘူး သူတို့ ကားပေါ်တင်သွားတာပေါ့”ဟု မတူပီ CDF သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လယ်ပိုင်းတွင် မတူပီမှ ကျောက်သယ်ယာဉ်များဖြင့် စစ်အင်အားဖြည့်တင်းနေကြောင်း၊ CDF တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆသည့်နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မတူပီမှ ထွက်ခွာသည့် စစ်ကြောင်းသည် မြို့နှင့် ၁၅မိုင်ခန့်အကွာသို့ သွားနိုင်ပြီဟု ယူဆကြောင်း၊ မင်းတပ်ဘက်မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းများလာပါက တိုက်ပွဲပိုမို ပြင်းထန်လာနိုင်ကြောင်း မတူပီ CDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီယာဉ်တန်းများ ထွက်ခွာလာသည့် သတင်းကြောင့် မင်းတပ် – မတူပီ လမ်းရှိ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၎င်းကဆိုသည်။

“စစ်ယာဉ်တန်းတွေလာတော့ အရင်က ဒုက္ခပေးတာတို့ ပစ္စည်းတွေလုယူတာတို့ဖြစ်တော့ သူတို့ က ဒီတစ်ခါ လာပြီဆိုတာနဲ့ သူတို့ ရှိသမျှပစ္စည်းတွေအကုန်ထုပ်ပြီးတောထဲ တောင်ထဲကို ရှောင်တယ်။ အခုထိတော့ အဲဒီလိုပေါ့။ စစ်ယာဉ်တန်းတွေ အကုန်လုံးသွားပြီး ပြီဆိုမှ အခြေ အနေ ငြိမ်ပြီဆိုမှ သူတို့က ပြန်ဝင်မှာပေါ့။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းတွေ အကုန်လုံးရှင်းပေးပြီးမှ သူတို့က ပြန်လာဖို့ရှိတာပေါ့။ ဒါက စစ်ရေးအပေါ်မှာလည်း အများကြီးမူတည်တယ်လေ”ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။

လတ်တလော တိုက်ပွဲများအတွင်း CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်၏ ယာဉ်တန်းသည် မတ်လ ၂၆ရက်မှစ၍ မင်းတပ်မှ ထွက်ခွာလာရာ မင်းတပ် CDFက အဆိုပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။