Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက ဝန်ထမ်းများအငြိမ်းစားယူရမည့်အသက် ၂ နှစ်ထပ်တိုးခြင်းအ​ပေါ် ပင်စင်ယူရန်ပြင်ထားသူများစိတ်ပျက်​နေ

Non-CDM ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ယခင် ၆၀ နှစ်အစား ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်ကြောင်းစစ်ကောင်စီက ယမန်နေ့(မတ်လ ၃၁ရက်)ညတွင် ကြေငြာသွားသည်။

(စစ်​ကောင်စီလက်​အောက်တွင်လုပ်ကိုင်​နေ​သော Non-CDMဝန်ထမ်းအချို့)

အာဏာသိမ်းစစ်​ကောင်စီက ၎င်းတို့လက်​အောက်တာဝန်ထမ်း​နေ​သော ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၂ နှစ် ပြင်ဆင်သတ်မှတ်လိုက်​သော​ကြောင့် ပင်စင်ရခါနီး အနားယူရန်ပြင်ဆင်​နေသူများ အခက်​တွေ့​နေပြီး စိတ်ပျက်​နေကြ​ကြောင်း Non CDM ဝန်ထမ်းများကညည်းတွားကြသည်။

Non-CDM ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ယခင် ၆၀ နှစ်အစား ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်ကြောင်းစစ်ကောင်စီက ယမန်နေ့(မတ်လ ၃၁ရက်)ညတွင် ကြေငြာသွားသည်။

“အကြောင်းအမျိုးမျိုးနဲ့ CDM မလုပ်နိုင်ကြသူတွေ တော်တော်များများထဲမှာ အသက်၆၀ပြည့်ကာနီးသူတွေက ပင်စင်ယူ ထွက်ဖို့ အားခဲထားတာ။ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းရတာ အဆင်မပြေဘူး။မလုပ်ချင်ဘူး။ ပြည်သူက အထင်သေးတာ ခံနေရတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးတစ်ဦးကပြောသည်။

သစ်တောဌာနမှာ အငြိမ်းစားအရာရှိတစ်ဦးကလည်း”သက်ပြည့်ပင်စင်နားနီးသူ‌တွေက အသက် ၆၀ပြည့်တာနဲ့ဝဋ်ကျွတ်ပြီဆိုပြီး ထွက်ဖို့ အားခဲထားကြသူတွေ အများကြီး။CDM လုပ်ရင်လည်း စစ်ကောင်စီက ဖမ်းမှာစိုးလို့ မှေးနေကြတာ။ အခုက ဌာန‌‌တွေမှာ ကျန်ခဲ့တဲ့ Non တွေက ဘာအရည်အချင်းမှ ရှိတာမဟုတ်ဘူးဆိုတော့ စစ်ကောင်စီ တကယ် ဒုက္ခတွေ့နေတာ။ ပင်စင်ကို ၆၂နှစ်အထိ တိုးတာက မင်းအောင်လှိုင် ဒုက္ခတော်တော်တွေ့နေလို့ ကြံမိကြံရာ ထလုပ်တာ”ဟုပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ၎င်းတို့လက်​အောက်မှ ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်ခဲ့ခြင်းနှင့်ပတ်သပ်၍အောက်ပါအတိုင်း အကြောင်းပြထားသည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့သည်ဟုဆိုသည်။

“ဒီထုတ်ပြန်ချက်ကြောင့် မကြာခင် ပင်စင်ယူပြီး အနားယူတော့မယ်လို့ တွေးနဲ့ သူတွေ သက်ရောက်မူကြီးလိမ့်မယ်။ ပင်စင်မယူချင်ဘဲ လာဒ်စားလို့ရနေတဲ့ သူတွေအတွက်တော့ အခွင့်ကောင်းပေါ့”ဟု CDM ဝန်ထမ်းတစ်ဦးက​ပြောသည်။

ပင်စင်ယူရန် လေးလခန့်သာ ကျန်တော့သည့် ဒုတိယညွှန်ကြားရေးမှုးတစ်ဦးကလည်း “အခု ထုတ်ပြန်ချက်ကတော့ ပင်စင်နီးနေသူ‌တွေအတွက် သတင်းဆိုးပဲ”ဟုပြောသည်။

CDM မလုပ်၍ ယောက္ခမအသိုင်းအဝိုင်း၏ အမြင်မကြည်မှုကို ရင်ဆိုင်နေရသည့် အသက် ၅၉နှစ်အရွယ် အမျိုးသမီးရဲအရာရှိတစ်ဦးကလည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်​ကြောင့်စိတ်ပျက်စရာဟု ညည်းတွားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။