Connect with us

Hi, what are you looking for?

News

CDF မတူပီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၉ဦးထပ်မံသေဆုံး

ကျောက်ထုမှ မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန်လာသော တင့်ကားနှစ်စီးအပါအဝင် စစ်ကားအစီး​ရေ ၈၀ ကျော်ပါယာဉ်တန်းကို မတ်လ ၃၁ ရက်ကစ၍ မတူပီ အခြေစိုက် ခလရ (၃၀၄)မှ ဆင်းကြိုစဥ် CDF- Matupi နှင့် ထိတွေ့တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ် မတူပီမြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ကိုးဦးသေဆုံးကြောင်း CDF -Matupi က ယနေ့(ဧပြီ ၂ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ယမန်နေ့(ဧပြီ ၁ ရက်) နေ့လယ် ၁နာရီခန့်က မတူပီ-မင်းတပ် လမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦး အပါအဝင် အနည်းဆုံးသုံးဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

ထို့နောက် ယနေ့(ဧပြီ ၂ ရက်) နံနက် ၁၁နာရီခွဲခန့်တွင် ချန်းပြန်းရွာအနီးတိုက်ပွဲ ထပ်မံပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးခဲ့သည်။

“ဒီနေ့ တိုက်ပွဲဆိုလည်း သုံးနာရီနီးပါးကြာတယ်။ကျွန်တော် တို့ တပ်ဖိထားတဲ့ ချန်းပြန်းရွာသစ်ဘက်ကို ထိုးပြီးဝင်ချင်တာပေါ့။ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးထိန်းချုပ်ထားနိုင်တယ်။ဒါကြောင့် သူတို့ဘက်က စစ်အင်အား တွေထပ်ဖြည့်ဖို့ လုပ်နေတယ်”ဟု CDF မတူပီ၏ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မင်းတပ်မြို့မှလာသည့် စစ်ယာဉ်တန်းများကို မတူပီ အခြေစိုက်တပ်များ သွားမကြိုနိုင်စေရန် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း CDF မတူပီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

“ဟိုဘက် မင်းတပ်ဘက်က ဆင်းလာတာက လောလော ဆယ် မိုင်၆၀ နီးပါးတော့ ရောက်ပြီ။ အဲဒီ စစ်ကြောင်း ထပ်ရောက်ရင် ကျွန်တော်တို့က အတက်နိုင်ဆုံး ခုခံတားဆီးဖို့ရှိတာကြောင့် တိုက်ပွဲက ပိုပြင်းထန်မယ့်အနေအထားတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများသည့် မတ်လ ၃၁ရက် တိုက်ပွဲတွင် စစ်ကောင်စီ တပ် လေကြောင်းတိုက်ခိုက်ရန်လာရောက်သော်လည်း ရာသီဥတု အခြေအနေကြောင့် လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ဟု ဆိုသည်။

“အပြင်းအထန် တိုက်ပွဲဖြစ်တဲ့ ၃၁ရက် မနက် ၇နာရီ တိုက်ပွဲစဖြစ်တဲ့နောက်ပိုင်း ၈နာရီခွဲလောက်မှာ လေကြောင်းကနေလာတယ်။ ပစ်ကူတောင်း တယ်ပေါ့။ ဒါပေမဲ့ ရာသီဥတုအခြေအနေက ကျွန်တော်တို့ဘက်မှာ ဆိုးရွားတာဆိုတော့ လေကြောင်း ပစ်ကူမရှိတော့ဘဲ ညီနောင်မဟာမိတ် CDF မင်းတပ်ရဲ့ ၅၄ မိုင်တိုက်ပွဲမှာ လေကြောင်း အသုံးပြုသွားတယ်လို့သတင်းရရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း CDF ရဲ​ဘော်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့သော် မတူပီအခြေစိုက် စစ်ကောင်စီတပ်ရင်းများက အင်အားအလုံးအရင်း ဆက်လက်ဖြည့်တင်းနေသည်ဟုလည်း CDFက ထပ်မံ အသိပေးသည်။

ကျောက်ထုမှ မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန်လာသော တင့်ကားနှစ်စီးအပါအဝင် စစ်ကားအစီး​ရေ ၈၀ ကျော်ပါယာဉ်တန်းကို မတ်လ ၃၁ ရက်ကစ၍ မတူပီ အခြေစိုက် ခလရ (၃၀၄)မှ ဆင်းကြိုစဥ် CDF- Matupi နှင့် ထိတွေ့တိုက်ပွဲ များ စတင်ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား ၁၆ဦးသေဆုံးကာ CDFမှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook