Connect with us

Hi, what are you looking for?

News

ကျည်အခက်အခဲကြောင့် စစ်ကောင်စီကို တိုက်ခိုက်မှု အရှိန်လျှော့ထားရဟု မတူပီ CDF ပြော

လတ်တလောတွင် မင်းတပ်မြို့မှဆင်းလာသည့် စစ်ယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်တိုင်(၇၀) အနီးရောက်လာပြီဟု သတင်းရပြီး မကြာမီ မတူပီ မြို့နယ်အတွင်း ဝင်ရောက်လာတော့မည်ဟုဆိုသည်။

လက်နက်၊ခဲယမ်း အခက်အခဲကြောင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု ခေတ္တရပ်တန့်ထားရပြီး ပြန်လည်ဖြည့်နိုင်ရန် လုပ်ဆောင်နေကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မင်းတပ်မှ မတူပီမြို့သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို သွားကြိုသည့် မတူပီ အခြေ စိုက် စစ်ကောင်စီတပ်များကို မတ်လ ၃၀ရက်မှစ၍ မတူပီ CDFက တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဧပြီ ၂ရက်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။

လတ်တလော မတူပီဒေသ စစ်ရေးအခြေအနေကို မေးမြန်းရန် မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက “လောလောဆယ် ကျွန်တော်တို့ဘက်က လက်နက်ခဲယမ်းပိုင်း နည်းနည်းလေး၊ ရှင်းရှင်းပြောရရင် ကျည်ကုန်ပြီပေါ့။ ကျည်ဆံကုန်လို့ ကျွန်တော်တို့ဘက်က ခဏလေးတော့ ရပ်တန့်ထားတယ်။ ဒါပေမဲ့အခြေအနေတစ်ခုတော့ စောင့်ကြည့်နေတာပေါ့။ လက်နက်ခဲယမ်းပိုင်း ရတဲ့ဘက်က ပြန်ပြီးတော့ အားဖြည့်နိုင်ဖို့ ကြိုးစားနေတာလေ”ဟု ပြောသည်။

Public Service Announcement

လတ်တလောတွင် မင်းတပ်မြို့မှဆင်းလာသည့် စစ်ယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်တိုင်(၇၀) အနီးရောက်လာပြီဟု သတင်းရပြီး မကြာမီ မတူပီ မြို့နယ်အတွင်း ဝင်ရောက်လာတော့မည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF အနေဖြင့်လည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုများ မတ်လ ၂၆ရက်မှစ၍ နေ့စဉ်နီးပါး ပြုလုပ်ခဲ့ရာ စစ်ကောင်စီယာဉ်တန်းအနေဖြင့် တစ်နေ့လျင် ငါးမိုင်ခန့်သာ ခရီးတွင်ကြောင်း မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မည်သို့ပင်ဖြစ်စေ မတူပီမြို့နယ်၌ တိုက်ပွဲများပြင်းထန်လာနိုင်သည့် အနေအထားရှိ၍ ပြည်သူလူထုများကို အားကိုးကြောင်း မတူပီ CDFက ပြောသည်။

“လက်နက်ခဲယမ်းပိုင်းကို ပိုပြီးမှ ထောက်ပံ့ပေးနိုင်မယ် ပေးဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်လို့ သတင်း စကား ပါးချင်ပါတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

မတူပီ CDF၏ တိုက်ခိုက်မှုများကြောင့်မတ်လ ၃၀ရက်မှ ဧပြီ ၂ရက်အတွင်း စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။