Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျည်အခက်အခဲကြောင့် စစ်ကောင်စီကို တိုက်ခိုက်မှု အရှိန်လျှော့ထားရဟု မတူပီ CDF ပြော

လတ်တလောတွင် မင်းတပ်မြို့မှဆင်းလာသည့် စစ်ယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်တိုင်(၇၀) အနီးရောက်လာပြီဟု သတင်းရပြီး မကြာမီ မတူပီ မြို့နယ်အတွင်း ဝင်ရောက်လာတော့မည်ဟုဆိုသည်။

လက်နက်၊ခဲယမ်း အခက်အခဲကြောင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု ခေတ္တရပ်တန့်ထားရပြီး ပြန်လည်ဖြည့်နိုင်ရန် လုပ်ဆောင်နေကြောင်း မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မင်းတပ်မှ မတူပီမြို့သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို သွားကြိုသည့် မတူပီ အခြေ စိုက် စစ်ကောင်စီတပ်များကို မတ်လ ၃၀ရက်မှစ၍ မတူပီ CDFက တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဧပြီ ၂ရက်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။

လတ်တလော မတူပီဒေသ စစ်ရေးအခြေအနေကို မေးမြန်းရန် မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက “လောလောဆယ် ကျွန်တော်တို့ဘက်က လက်နက်ခဲယမ်းပိုင်း နည်းနည်းလေး၊ ရှင်းရှင်းပြောရရင် ကျည်ကုန်ပြီပေါ့။ ကျည်ဆံကုန်လို့ ကျွန်တော်တို့ဘက်က ခဏလေးတော့ ရပ်တန့်ထားတယ်။ ဒါပေမဲ့အခြေအနေတစ်ခုတော့ စောင့်ကြည့်နေတာပေါ့။ လက်နက်ခဲယမ်းပိုင်း ရတဲ့ဘက်က ပြန်ပြီးတော့ အားဖြည့်နိုင်ဖို့ ကြိုးစားနေတာလေ”ဟု ပြောသည်။

Public Service Announcement

လတ်တလောတွင် မင်းတပ်မြို့မှဆင်းလာသည့် စစ်ယာဉ်တန်းသည် မင်းတပ် – မတူပီလမ်း မိုင်တိုင်(၇၀) အနီးရောက်လာပြီဟု သတင်းရပြီး မကြာမီ မတူပီ မြို့နယ်အတွင်း ဝင်ရောက်လာတော့မည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF အနေဖြင့်လည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုများ မတ်လ ၂၆ရက်မှစ၍ နေ့စဉ်နီးပါး ပြုလုပ်ခဲ့ရာ စစ်ကောင်စီယာဉ်တန်းအနေဖြင့် တစ်နေ့လျင် ငါးမိုင်ခန့်သာ ခရီးတွင်ကြောင်း မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မည်သို့ပင်ဖြစ်စေ မတူပီမြို့နယ်၌ တိုက်ပွဲများပြင်းထန်လာနိုင်သည့် အနေအထားရှိ၍ ပြည်သူလူထုများကို အားကိုးကြောင်း မတူပီ CDFက ပြောသည်။

“လက်နက်ခဲယမ်းပိုင်းကို ပိုပြီးမှ ထောက်ပံ့ပေးနိုင်မယ် ပေးဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်လို့ သတင်း စကား ပါးချင်ပါတယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

မတူပီ CDF၏ တိုက်ခိုက်မှုများကြောင့်မတ်လ ၃၀ရက်မှ ဧပြီ ၂ရက်အတွင်း စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။