Connect with us

Hi, what are you looking for?

News

နွားထိုးကြီးနယ်တွင် လင်းမယားချင်းစကားများရာမှ ဇနီးဖြစ်သူက စစ်​ကောင်စီတပ်သွားတိုင်၍ ​ခင်ပွန်းဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံရ

ဆူးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း နွားထိုးကြီးမြို့နယ် ကန်ကြီးကျေးရွာ(အုပ်စု) ကန်ကြီးကျေးရွာမှ CDM ကျောင်း ဆရာတစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းဆရာသည် ရရှိထားသောဒဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာတွင် လင်မယားချင်းစကားများရာ ဇနီးက အကြမ်းဖက်စစ်တပ်သွားတိုင်၍ စစ်ကောင်စီတ​ပ်က ခင်ပန်းဖြစ်သူအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာသား (၂၈)နှစ်အရွယ် မောင်ကျော်သူသည် ယောက္ခမပိုင်ထော်လာဂျီ မောင်းနှင်ပြီး ယာဉ်မောင်းအလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း၊ ဧပြီ၁ရက် နံနက်ပိုင်းက ၎င်းတို့ လင်မယားချင်း စိတ်အခန့်မသင့်၍ စကားများခဲ့ကာ မိန်းမဖြစ်သူမှ ရပ်ရွာအုပ်ချုပ်နေသူများအား သွားရောက်တိုင်ကြားခဲ့ပြီး နေ့လယ်၁နာရီခန့်တွင် ဆူးဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

ထို့အပြင် ညနေ၄ နာရီခန့်တွင် မောင်ကျော်သူအား ရွာလယ်ကန်ပေါင်ပေါ်တွင် သတိလစ်မေ့မြောလဲကျနေ သည်ကို တွေ့ရှိရပြီး ည၈နာရီကျော်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏နာရေးအား ယမန်နေ့ ဧပြီ၃ရက် ညနေ၃နာရီတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်သည်။

“မောင်ကျော်သူကို ရွာသားတွေကတွေ့ပြီး ရေလောင်းနှိုးချိန်မှာ သတိရခဲ့ပေမဲ့ မလှုပ်ရှားနိုင်တော့ဘဲ အိမ်ကိုပို့ပေးပြီး ညပိုင်းမှာဆုံးသွားတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆူးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း နွားထိုးကြီးမြို့နယ် ကန်ကြီးကျေးရွာ(အုပ်စု) ကန်ကြီးကျေးရွာမှ CDM ကျောင်း ဆရာတစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းဆရာသည် ရရှိထားသောဒဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ၁ရက်မှ ယနေ့အထိ ၃လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် မြင်းခြံခရိုင်၌ သံဃာ​တော်တစ်ပါးနှင့်အရပ်သားရှစ်ဦး သေဆုံးခဲ့ကြောင်း၊ မြင်းခြံမြို့နယ်မှ သံဃာ​တော်တစ်ပါးနှင့် အရပ်သား ​လေးဦး၊ နွားထိုးကြီးမြို့နယ်မှအရပ်သား သုံးဦး၊ ငါန်းဇွန်မြို့နယ်မှ အရပ်သား တစ်ဦးတို့ ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။