Connect with us

Hi, what are you looking for?

News

တောင်တွင်းဒေသအထက်ပိုင်း၌ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၍ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

တိမ်းရှောင်နေရသည့်ကျေးရွာ ၁၀ရွာထက်မနည်းရှိပြီး ဒေသခံပြည်သူ ခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ နေရေးထိုင်ရေး အခက်အခဲနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများ က ပြောသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသအထက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ပျူစောထီးများက အင်အားအလုံးအရင်းဖြင့် ကျေးရွာများအား စစ်ကြောင်းထိုး အကြမ်းဖက်မှုများပြုလုပ်နေ၍ ကျေးရွာ၁၀ ရွာမှ ထောင်နှင့်ချီ သောဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ်လကုန်ပိုင်းတွင် မင်းကင်းနယ် တောင်တွင်းဒေသသို့ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး အပြစ်မဲ့ပြည်သူ များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများအား သိမ်းယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိမ်းရှောင်နေရသည့်ကျေးရွာ ၁၀ရွာထက်မနည်းရှိပြီး ဒေသခံပြည်သူ ခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ နေရေးထိုင်ရေး အခက်အခဲနှင့် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများ က ပြောသည်။

“သစ်ခေါင်းတီးဘက်ဆို စပါးတင်းနှစ်ရာလောက်ပါတင်ပြီး လူနေအိမ်ဆယ်လုံး လောက်လည်း မီးရှို့ခံရတယ်။ စစ်ဘေးရှောင်စခန်းတွေအဝတ်စားတွေပါမီးရှို့ပစ် တယ်တဲ့။ တောင်တွင်း အထက်ပိုင်း ဒေသခံ အကုန်ပြေးနေရတယ်။ သူတို့ကနယ်မြေစိုးမိုးမှု လုပ်တဲ့သဘောကိုမှ ရတာယူပြီးရင်ဖျက်ဆီးတာတွေလုပ်နေတာ။ သူတို့ပြန်မဆုတ်ဘဲ ဒီအတိုင်းသာ ဝင်နေရင် ဒေသခံတွေ အကုန်ဒုက္ခရောက်မှာ။”ဟု နယ်မြေချင်းဆက်နေသည့် Kani Peoples Defence Force – KPDF 2မှ သတင်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းကင်းနှင့်ကနီနယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့များကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ကျေးရွာများရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။