Connect with us

Hi, what are you looking for?

News

မန္တလေးမှာ အမျိုးသားတစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေချိန် သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံး၊ ပြည်ခိုင်ဖြိုး မြို့နယ် စည်းရုံးရေးမှူးလည်း ရေချိုးနေချိန် သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံး

အမျိုးသားနှစ်ဦး သေနတ်နဲ့လာပစ်ချိန် ထွက်ပြေးပေမယ့် မလှမ်းမကမ်းမှာပဲ သေနတ်မှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တာပါ။

People's Spring
People's Spring

မန္တလေး ၊မဟာအောင်မြေမြို့နယ် အတွင်း အမျိုးသားတစ်ဦး ဒီနေ့မနက်ပိုင်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

မဟာအောင်မြို့နယ် ၊ လက်ပန်ရပ်ကွက် မှာ ရှိတဲ့ကမ်းနားလမ်း လက်ဖက်ရည်ဆိုင်မှာ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရတဲ့အမျိုးသားဟာ ရင်ဘတ်နဲ့ ခေါင်းမှာ ဒဏ်ရာရပြီး သေဆုံးသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ဒီလအတွင်းမှာ မန္တလေး အောင်မြေသာစံနဲ့မဟာအောင်မြေမြို့နယ် အတွင်းကရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မနက် ၁၀ နာရီလောက်မှာ လည်း ပုသိမ်ကြီးမြို့နယ်၊ကောင်းမွန်ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သလို မြို့နယ် ပြည်ခိုင်ဖြိုး သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်ခိုင်ဟာ ခြံထဲရေချိုးနေချိန် သေနတ်နဲ့ပစ်ခတ်ခံရပါတယ်။

အမျိုးသားနှစ်ဦး သေနတ်နဲ့လာပစ်ချိန် ထွက်ပြေးပေမယ့် မလှမ်းမကမ်းမှာပဲ သေနတ်မှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တာပါ။

ဦးကျော်ခိုင်ရဲ့သားဟာလည်း နဖူးမှာ သေနတ်ဒဏ်ရာရပြီး မန္တလေးနန်းတွင်းဆေးရုံမှာ ကုသနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။