Connect with us

Hi, what are you looking for?

News

CDF (မတူပီ)ကစစ်​ကောင်စီတပ်ကို မိုင်း​​လေးလုံးခွဲတိုက်ခိုက်​သေဆုံးထိခိုက်မှုများရှိ

ကျောက်ထုဘက်မှ မတူပီဘက်သို့ လာ​နေသည့်စစ်​ကောင်စီ၏ မော်ယာဉ် ယာဥ်အစီး ၈၀ပါသည့် ယာဉ်တန်းကို မတူပီအခြေစိုက်စစ်​ကောင်စီတပ်ရင်းများက ဆင်းကြိုစဉ် ယနေ့(ဧပြီ-၅ရက်)တွင် မိုင်းလေးလုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

(CDF မတူပီတပ်ဖွဲ့ဝင်များ)

ချင်း​ဒေသကာကွယ်​ရေးတပ်-CDF(မတူပီ) က မတူပီမြိုမှ ၂၈ မိုင်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုမိုင်း​လေးလုံးခွဲတိုက်ခိုက်ရာ ပြင်းထန်စွာ​ပေါက်ကွဲခဲ့ပြီး ​သေဆုံးထိခိုက်မှုများရှိကြောင်း CDF(မတူပီ)က ထုတ်ပြန် သည်။

ကျောက်ထုဘက်မှ မတူပီဘက်သို့ လာ​နေသည့်စစ်​ကောင်စီ၏ မော်ယာဉ် ယာဥ်အစီး ၈၀ပါသည့် ယာဉ်တန်းကို မတူပီအခြေစိုက်စစ်​ကောင်စီတပ်ရင်းများက ဆင်းကြိုစဉ် ယနေ့(ဧပြီ-၅ရက်)တွင် မိုင်းလေးလုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

ထိုတိုက်ခိုက်မူတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးစာရင်းကို အတည်မပြုနိုင်ကြောင်းလည်းပါရှိသည်။

ထိုအပြင် အကြမ်းဖက်စစ်​ကောင်စီ​၏ အဆိုပါယာဥ်တန်းသည် မိုင်တိုင် ၇၇ တွင်ရောက်ရှိ​နေပြီး ယနေ့ည၌ မင်းတပ်-မတူပီ မြို့ကြားတိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည်ဟု CDF(မတူပီ)က အသိ​ပေးထားသည်။တိုက်ပွဲသတင်းများနှင့်ပတ်သပ်၍ CDFမတူပီ၏ ထုတ်ပြန်ချက်သည်သာအတည်ဖြစ်​​ကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook