Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆယ်တန်းစာမေးပွဲလာဖြေသည့် ကျောင်းသူတစ်ဦး၏ မိခင် စစ်ကောင်စီတပ်၏သေနတ်ကျည်ထိမှန်

စစ်ကောင်စီတပ်သားက တမင်ပစ်ခြင်းလား၊ မတော်တဆဖြစ်ခြင်းလားဆိုသည်ကို တိတိကျကျမသိရသေးပေ။​သေနတ်ကျည်မှန်၍ ဒဏ်ရာရ အမျိုးသမီးကို သက္ကလဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံအချို့ကပြောသည်။

(စစ်​ကောင်စီကျင်းပ​သော တက္ကသိုလ်ဝင်စား​မေးပွဲ​ကာလမြင်ကွင်းတစ်ခု)

ပဲခူးတိုင်း၊သက္ကလမြို့တွင် ဆယ်တန်းစာမေးပွဲလာဖြေသည့် ကျောင်းသူတစ်ဦး၏ မိခင်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏သေနတ်ကျည်ထိမှန်သွားသည်ဟု ဒေသခံများကပြောသည်။

ကဝမြို့နယ်တွင်ပါဝင်သောသက္ကလမြို့အထက်တန်းကျောင်းတွင်ယနေ့ (ဧပြီလ၆ရက်) နံနက် ဆယ်နာရီခန့်တွင် စစ်ကောင်စီက ပြုလုပ်သည့် စာမေးပွဲကျင်းပနေစဥ် ကျောင်းရှေ့၌ အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်သားကိုင်ဆောင်ထားသည့် သေနတ်မှ ကျည်ထွက်သွား၍ ဆယ်တန်းကျောင်းသူတစ်ဦး၏ မိခင်ဒဏ်ရာရသွား​ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Bago Nway Oo Channel က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားက တမင်ပစ်ခြင်းလား၊ မတော်တဆဖြစ်ခြင်းလားဆိုသည်ကို တိတိကျကျမသိရသေးပေ။​သေနတ်ကျည်မှန်၍ ဒဏ်ရာရ အမျိုးသမီးကို သက္ကလဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံအချို့ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်နေသည့် ဆယ်တန်းစာမေးပွဲကို ပြည်သူအများစုက သပိတ်မှောက်ထားပြီး ယခင်နှစ်ကျောင်းသားဦးရေ၏ သုံးပုံတစ်ပုံခန့်သာ ဝင်ရောက်​ဖြေဆိုနေသည်။ တက္ကသိုလ်ဝင်တန်း ​ဖြေဆိုသူကျောင်းသူကျောင်းသားဦးရေသည် ပုံမှန်အားဖြင့် နှစ်စဥ် ရှစ်သိန်းမှ ကိုးသိန်းကြားရှိသော်လည်း ယခုနှစ်တွင် နှစ်သိန်းရှစ်သောင်းခန့်သာ ရှိသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီတပ်က ပြုလုပ်နေသည့်ဆယ်တန်းစာမေးပွဲကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။