Connect with us

Hi, what are you looking for?

News

ဆယ်တန်းစာမေးပွဲလာဖြေသည့် ကျောင်းသူတစ်ဦး၏ မိခင် စစ်ကောင်စီတပ်၏သေနတ်ကျည်ထိမှန်

စစ်ကောင်စီတပ်သားက တမင်ပစ်ခြင်းလား၊ မတော်တဆဖြစ်ခြင်းလားဆိုသည်ကို တိတိကျကျမသိရသေးပေ။​သေနတ်ကျည်မှန်၍ ဒဏ်ရာရ အမျိုးသမီးကို သက္ကလဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံအချို့ကပြောသည်။

(စစ်​ကောင်စီကျင်းပ​သော တက္ကသိုလ်ဝင်စား​မေးပွဲ​ကာလမြင်ကွင်းတစ်ခု)

ပဲခူးတိုင်း၊သက္ကလမြို့တွင် ဆယ်တန်းစာမေးပွဲလာဖြေသည့် ကျောင်းသူတစ်ဦး၏ မိခင်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏သေနတ်ကျည်ထိမှန်သွားသည်ဟု ဒေသခံများကပြောသည်။

ကဝမြို့နယ်တွင်ပါဝင်သောသက္ကလမြို့အထက်တန်းကျောင်းတွင်ယနေ့ (ဧပြီလ၆ရက်) နံနက် ဆယ်နာရီခန့်တွင် စစ်ကောင်စီက ပြုလုပ်သည့် စာမေးပွဲကျင်းပနေစဥ် ကျောင်းရှေ့၌ အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်သားကိုင်ဆောင်ထားသည့် သေနတ်မှ ကျည်ထွက်သွား၍ ဆယ်တန်းကျောင်းသူတစ်ဦး၏ မိခင်ဒဏ်ရာရသွား​ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Bago Nway Oo Channel က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားက တမင်ပစ်ခြင်းလား၊ မတော်တဆဖြစ်ခြင်းလားဆိုသည်ကို တိတိကျကျမသိရသေးပေ။​သေနတ်ကျည်မှန်၍ ဒဏ်ရာရ အမျိုးသမီးကို သက္ကလဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံအချို့ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်နေသည့် ဆယ်တန်းစာမေးပွဲကို ပြည်သူအများစုက သပိတ်မှောက်ထားပြီး ယခင်နှစ်ကျောင်းသားဦးရေ၏ သုံးပုံတစ်ပုံခန့်သာ ဝင်ရောက်​ဖြေဆိုနေသည်။ တက္ကသိုလ်ဝင်တန်း ​ဖြေဆိုသူကျောင်းသူကျောင်းသားဦးရေသည် ပုံမှန်အားဖြင့် နှစ်စဥ် ရှစ်သိန်းမှ ကိုးသိန်းကြားရှိသော်လည်း ယခုနှစ်တွင် နှစ်သိန်းရှစ်သောင်းခန့်သာ ရှိသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီတပ်က ပြုလုပ်နေသည့်ဆယ်တန်းစာမေးပွဲကို အသိအမှတ်ပြုမည်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။