Connect with us

Hi, what are you looking for?

News

အရပ်ဖက်အရေးလှုပ်ရှားသည့် ရခိုင်တိုင်းရင်းသားတစ်ဦး ထောင်ဒဏ်၃နှစ်ချခံရ

ရခိုင်တပ်မတော်(AA)ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို ကန့်ကွက်နှောင့်ယှက်မှု များ ပြုလုပ်နေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာနိုင်ကြောင်းမကြာသေးမီက သတိပေးထားသည်။

အရပ်ဖက်အရေးလှုပ်ရှားသည့် ပလက်ဝမြို့ခံ ရခိုင်တိုင်းရင်းသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်။

ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ၅၀၅-က ​ဖြင့် တရားရုံးတင်စစ်​ဆေးကာထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ခြင်းဖြစ် သည်။

“စစ်အစိုးရက တမင်သက်သက် ပြဿနာကို မီးမွှေးရှာနေတာ။ ကိုတင်ထွန်းအောင်မှာ အပြစ်မရှိဘဲ ဖမ်းတယ်။ အခု ထောင်ချတယ်။ရခိုင်အဖွဲ့အစည်းတွေ၊ ရခိုင်ပါတီတွေ ဒီပြဿနာကို ဝင်ရှင်းပေးဖို့လိုမယ်”ဟု ကိုတင်ထွန်းအောင်၏မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုတင်ထွန်းအောင်ကို ၂၀၂၁ ဒီဇင်ဘာ ၂၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဧပြီ ၅ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။ ကိုတင်ထွန်းအောင်သည် ပလက်ဝဒေသတွင် ၂၀၂၀ ရှေ့ပိုင်းကာလများက စစ်တပ်နှင့် AAတိုက်ပွဲများကြောင့် စစ်ဘေးကြုံတွေ့ရသည့် ဒေသခံများကို အကူအညီများစွာ ပေးခဲ့သူဖြစ်သည်။ လူမှုကူညီရေးလုပ်သူအဖြစ် လူသိများပြီး စစ်ကောင်စီ၏ ယခုလုပ်ရပ်ကို ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်နေသည်။

Public Service Announcement

Public Service Announcement

ရခိုင်တပ်မတော်(AA)ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို ကန့်ကွက်နှောင့်ယှက်မှု များ ပြုလုပ်နေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာနိုင်ကြောင်းမကြာသေးမီက သတိပေးထားသည်။

ဧပြီ ၅ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် AA၏ ပြန်ကြားရေး တာဝန်ခံခိုင်သုခက အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

“မြန်မာစစ်တပ်နဲ့ ULA/ AA ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရကြား တင်းမာမှုတွေ ဒီလပိုင်းမှာ မြင့်တက်လာတာ ရှိပါတယ်။ တင်းမာမှုကို လျှော့ချပြီးတော့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ဖို့ ကျွန်​တော်တို့ ကြားလူတွေက တစ်ဆင့် အပြန်အလှန် စကားပြောနေတာတွေ ရှိတယ်။ သို့သော် လည်း စစ်တပ်ဘက်က ဒီလိုမျိုး ဆက်လုပ် လာမယ် ဆိုရင် ဒီကိစ္စဟာ တင်းမာမှုနေတစ်ဆင့် ထိပ်တိုက်ရင်ဆိုင်မှုထိ မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီအတွက်နဲ့ ဒီကိစ္စ တွေကို မြန်မာစစ်တပ်ဘက်ကလည်း သတိထားပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်” ဟုဆိုသည်။

စစ်ကောင်စီသည် ULA/ AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင် လုပ်ငန်းများအပေါ် တောက်လျှောက် ကန့်ကွက်မှုများ လုပ်ဆောင်နေသလို မြေပြင်တွင်လည်း စစ်ရေး အင်အားဖြင့် ဖိအားပေးနှောင့်ယှက်နေသည်ဟုခိုင်သုခက ပြောထားသည်။

စစ်အာဏာသိမ်းမှုအား ပြည်သူနှင့်အတူ AAပူးပေါင်းပါဝင်လာမည်ကို စိုးရိမ်နေသည့် အကြမ်းဖက်စစ်ကောင်စီက AA ခေါင်းဆောင်ပိုင်းကို မျက်နှာအောက်ချဆက်ဆံနေသည့်ကြားမှ ယခုအခါ တင်းမာမှု စတင်လာခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဦးဆောင်မှုအောက်တွင် စုစည်းအားကောင်းနေသည့် AAအနေဖြင့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားသည့် စစ်ကောင်စီကို KNU၊ KIA၊PDFများနှင့် လက်တွဲကာ အတူတူပူးပေါင်းတိုက်ခိုက်ရန် ပြည်သူလူထုက လိုလားနေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။