ဒီနေ့တစ်နေ့လုံး မန္တလေး က နေရာအနှံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရင်ရက်တွေထက် လက်နက်အင်အားအပြည့် နဲ့ ကင်းလှည့်တာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒီလိုကင်းလှည့်သလို ကျုံးတောင်လမ်းခြမ်း ၂၆ လမ်းနဲ့ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းတို့ကိုပိတ်ထားပြီး ကင်းပုန်းချတာတွေလည်းလုပ်နေပါတယ်။

“မိုးလင်းကတည်းက ကားပေါ်ကနေ သေနတ်ကြီးတွေထောင်ပြီး နေရာအနှံ့ပတ်နေတာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
စာသင်ကျောင်းတွေ၊ လုံခြုံရေးယူထားတဲ့ ဂိတ်တဲတွေ အနီးအနားမရောက်ခင်ကပင် လမ်းပိတ်တာ ၊ သွားလာမှုတားမြစ်တာတွေလည်းရှိနေပါတယ်။

Public Service Announcement
မန္တလေး မြို့ပြ ပျောက်ကျားအဖွဲ့ အချို့ကတော့ ဧပြီလ ၉ ရက်နဲ့ ဧပြီလ ၁၀ ရက်တွေမှာ မန္တလေး − မြစ်ငယ်လမ်းပိုင်းနဲ့ မြို့ပတ်ရထားလမ်းပိုင်းတွေကို အသုံးမပြုကြဖို့ လူထုကိုသတိပေးတာရှိထားပါတယ်။


















































