Connect with us

Hi, what are you looking for?

News

က​လေးမြို့တာဟန်သပိတ်ခံတပ်ဖြိုခွင်းခံရ​သောတစ်နှစ်ပြည့်အဖြစ်တိုက်ခိုက်ရာ စစ်​ကောင်စီတပ် ၆ ဦး​သေ

စစ်ကောင်စီအကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ထိမှန်သေဆုံးသွားခဲ့သည်ဟုလည်းပါရှိသည်၊၊

(က​လေးမြို့ တာဟန်ပင်မသပိတ်ခံတပ်ကို စစ်​ကောင်စီတပ်က ၂၀၂၁ ဧပြီ ၇ ရက်ကအကြမ်းဖက်ဖြိုခွင်းခဲ့စဥ်)

ကလေးမြို့တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မူနှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးသေဆုံးကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဧပြီ ၇ ရက်) နံနက် ၇နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ဦးသည် ကလေးတက္ကသိုလ် မုဒ်ဦးအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အတွင်းမှ လမ်းမပေါ်သို့ထွက်လာစဉ် အသင့်တပ်ဆက်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ မိုင်းများဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ၅ မိနစ်ခန့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအကြမ်းဖက်စစ်သား အနည်းဆုံး ၃ ဦးသေဆုံးသွားသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုနောက် နံနက် ၁၀နာရီခန့်တွင် ကလေး တက္ကသိုလ်မှ ကလေးမြို့သို့ မောင်းလာသည့် စစ်ကောင်စီ၏ စစ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် တစ်မိနစ်ပစ်ခတ်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ကား ၂ စီးလုံး ထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီအကြမ်းဖက်စစ်သား ၃ ဦး ခန့် သေဆုံးသည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုများသည် ကလေးမြို့၊ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းမှုအတွင်းကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ​၏ သွေးကြွေးအတွက် ရည်စူးသည်ဟု PDF(ကလေး)၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီအကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ထိမှန်သေဆုံးသွားခဲ့သည်ဟုလည်းပါရှိသည်၊၊

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ခံတပ်သပိတ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်များက ၂၀၂၁ ဧပြီ ၇ ရက် မနက် ၅နာရီခန့်က စစ်​ကောင်စီတပ်သားအင်အား ၁၀၀ကျော်ဖြင့် ဝိုင်းပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ထိုနေ့က ဒေသခံများနှင့်ညှိနှိုင်းမှုများအရ နံနက် ၁၀ နာရီအထိ ပစ်ခတ်မည်မဟုတ်ကြောင်း စစ်ကောင်စီတပ်ကကတိပေးခဲ့သော်လည်းအကြမ်းဖက်စစ်တပ်ကသပိတ်ခံတပ်ကိုမနက် ၅နာရီတွင်အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအနည်းဆုံးပြည်သူ ၅ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။