Connect with us

Hi, what are you looking for?

News

နိုင်ငံတကာငွေပေးချေကတ်တွေရဲ့ တစ်လသုံးစွဲနိုင်တဲ့ငွေပမာဏကို စစ်ကောင်စီ ထက်ဝက်လျော့ချ

ဒီလို နိုင်ငံတကာငွေပေးချေကတ်တွေရဲ့ပေးချေနိုင်တဲ့ပမာဏ လျော့ချလိုက်တဲ့စာကို ဧပြီလ ၇ ရက် ရက်စွဲနဲ့ စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းက ဘဏ်တွေထံဖြန့်ဝေအသိပေးလိုက်တယ်လို့လည်းသိရပါတယ်။

အမေရိကန်ဒေါ်လာသုံး နိုင်ငံတကာငွေပေးချေကတ်တွေ ရဲ့ ပေးချေနိုင်တဲ့သတ်မှတ်ပမာဏကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ထက်ဝက်လျော့ချလိုက်ပါတယ်။

Master ၊ VISA ၊ UPI international prepaid card ဟာ အရင်က တစ်လအမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားရာကနေ အခုတော့ ဒေါ်လာ ၂၅၀၀ အထိ လျော့ချလိုက်တာတွေ့ရပါတယ်။

အလားတူပါပဲ Master ၊ VISA ၊ UPI/ JCB international credit card တွေကိုလည်း တစ်လ ကျပ်သိန်း ၅၀ သုံးစွဲနိုင်ရာကနေ ကျပ် ၂၅ သိန်းအထိ သာ သုံးစွဲ ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်လိုက်ပါတယ်။

ဒီလို နိုင်ငံတကာငွေပေးချေကတ်တွေရဲ့ပေးချေနိုင်တဲ့ပမာဏ လျော့ချလိုက်တဲ့စာကို ဧပြီလ ၇ ရက် ရက်စွဲနဲ့ စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းက ဘဏ်တွေထံဖြန့်ဝေအသိပေးလိုက်တယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။