Connect with us

Hi, what are you looking for?

News

ရွာငံတိုက်ပွဲ စစ်​ကောင်စီတပ်လေးဦး​သေဟု ပြောက်ကျားတပ်ဖွဲ့​ပြော

ယင်းတိုက်ပွဲတွင် ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့ နှင့်အတူ တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း ‌ရွာငံမြို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယ​နေ့(ဧပြီ ၉ ရက်) ညနေ ၄နာရီအချိန်ခန့်တွင် ရွာငံမြို့နယ် လွှစင်ရွာနှင့် တောင်ပို့ကွဲ​ကျေးရွာအကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပျူစေထီးခေါင်း ဆောင်နှင့် ပျူစောထီးအဖွဲ့ဝင်များကို ရှင်းလင်းရန်စောင့်ဆိုင်းနေစဉ် တောင်ကြီး-ရွာငံ -မန္တလေး အဝေးပြေးယာဉ်ဖြင့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် ရွာငံမြို့ပြပျောက်ကျားတပ်ဖွဲ့ နှင့်အတူ တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်းလည်း အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။