Connect with us

Hi, what are you looking for?

News

မြိုင်မြို့သို့လာသည့် စစ်​ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး ​ခြောက်ဦး​သေဟု UGအဖွဲ့ ​ပြော

ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကလည်း “မနက်ပိုင်းမှာ ကျွန်တော်တို့ ဒေသလုံခြုံရေးအတွက် ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးတယ်။ နောက်ပြီး စစ်ခွေးတွေနဲ့ ပျုတွေ လာတဲ့လမ်းကြောင်းမှာ နှစ်ကြမ်းမိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ဒုတိယအကြိမ် ပဒေသာမိုင်းမှာ စစ်ခွေးတွေသေတာ”ဟု ပြောသည်။

ပခုက္ကူမှ မြိုင်မြို့သို့လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားခြောက်ဦးထက်မနည်းသေဆုံးကြောင်း Earthquake People’s Defence Force (UG)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၉ ရက်) နေ့လယ် ၁၂နာရီခန့်က အင်ပင်ကျေး ရွာ၊ ယောင်းမစွန်ဆီဆိုင်အနီး စစ်ကောင်စီမော်တော် ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု တွင် Earthquake People ‘s Defence Force-UG နှင့်အတူ Young Force-UG ၊သံမဏိသိန်းဌက်(မြိုင်)မှပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲခဲ့တဲ့လမ်းပိုင်းက မနေ့က ညက တည်းက ပြည်သူတွေမသုံးမပြုဖို့ တားဖြစ်ထားခဲ့တာ။ဘာကြောင့်လည်းဆိုတာ အခု ပြည်သူတွေနားလည် မယ်ထင်ပါတယ်။စခ တွေ ဒီထက်မက သေနိုင်တယ်လို့လည်း ကျွန်တော်တို့ ခန့်မှန်းတယ်”ဟု Earthquake People’s Defence Force (UG) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကလည်း “မနက်ပိုင်းမှာ ကျွန်တော်တို့ ဒေသလုံခြုံရေးအတွက် ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးတယ်။ နောက်ပြီး စစ်ခွေးတွေနဲ့ ပျုတွေ လာတဲ့လမ်းကြောင်းမှာ နှစ်ကြမ်းမိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ဒုတိယအကြိမ် ပဒေသာမိုင်းမှာ စစ်ခွေးတွေသေတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် မိုင်းဆွဲအပြီးအကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အသက် ၂၀အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲတဲ့ အဖွဲ့တွေက အေးအေး ဆေးဆေးနေရာဆီကို ပြန်ရောက်တဲ့အချိန်အဲဒီသတင်းကြားရတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ ကျဆုံးခဲ့ရသည့် လူငယ်၏ ပေးဆပ်မှုအတွက် စစ်အုပ်စုကို အရှိန်မြှင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပခုက္ကူ – မြိုင် ကားလမ်းပိုင်းကို ပြည်သူများအသုံးမပြုသေးရန်လည်း တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။